မကြာသေးခင်ကလည်း ဦးမန်းဝင်းဆီသွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

စည်ဖြိုးက ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ်ဆီကို သွားရောက်လည်ပတ်ရင်း ကစ်ကစ်ရဲ့ အနုပညာလမ်းကြောင်း ပေါ်ကအခက်အခဲ တွေအကြောင်းကို နားထောင်ဖြစ်ခဲ့တယ်တဲ့။ သိပ်မကြာသေးခင်ကလည်း ဟာသသရုပ်ဆောင် လူရွှင်တော် မန်းဝင်းဆီလည်း သွားရောက် ခဲ့ ပါသေးတယ်။



Photo: Si Phyo Facebook

 

သရုပ်ဆောင် စည်ဖြိုးဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် ဆီကို ဇူလိုင်လ ၁၉ ရက်နေ့က သွားရောက်လည် ပတ်ခဲ့ပါတယ်။ ကစ်ကစ်ကိုလည်း သူ့ရဲ့ အနုပညာကြေးထဲကနေမှ ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ အနုပညာအတွေ့အကြုံတွေ နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

'' မနေ့က ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ တီတီကစ် ဆီသွားပြီး သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲ တွေ သူဝေဒနာခံစားနေရတဲ့အချိန် ကံနိမ့် နေတုန်းကသူကြုံခဲ့မြင်ခဲ့ကြားခဲ့ရတာတွေ သူကျော်ဖြတ်ခဲ့တာတွေ သေရွာပြန်တီတီကစ်ဆီကအများကြီးနားထောင်ခဲ့ရတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲက သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။

Photo: Si Phyo Facebook

 

ဇူလိုင်လ ၁၇ ရက်နေ့တုန်းကလည်း စည်ဖြိုးတစ်ယောက် ကျောက်ကပ်ဝေဒနာကို နှစ်နဲ့ချီခံစားနေရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းဆီကိုလည်း ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းရင်း သွားရောက်ခဲ့ပါသေးတယ်။

'' အနုပညာကိုရူးသွပ်နေရင်း တစ်နေ့တော့ ကိုယ်လည်းဒီလိုနေရာကိုရောက်လာဦးမှာပဲလို့တွေးမိရင်း ကျောက်ကပ်ပျက် ဝေဒနာ ခံစား နေရတဲ့ အဖေကြီးမန်းဝင်းဆီသွားပြီးနိုင်သလောက်ထောက်ပံ့လှူဒါန်း'' ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ ညက စည်ဖြိုးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ရေးသားခဲ့တာပါ။

ဦးမန်းဝင်း ကျန်းမာရေးအတွက်ထောက်ပံ့ငွေလှူဒါန်းခဲ့တဲ့ စည်ဖြိုး 

Photo: Si Phyo Facebook

 

သရုပ်ဆောင် စည်ဖြိုးက အခုလက်ရှိမှာတော့ အက်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ယိုးဒယားလူမျိုး ဒါရိုက်တာနဲ့ စတင်ရိုက်ကူးနေပါပြီ။ ဒီဇာတ်လမ်းတွဲရိုက်ဖို့ ကိုလည်း သိုင်းတွေ ၇ လ အကြာ သိုင်းတွေ သင်ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက် တခြား ဇာတ်ကားတွေ လက်မခံပဲ ၇ လတိတိ  ဓားသိုင်းသင်ရတယ်၊ တုတ်သိုင်းသင်ရတယ်၊ ထီးနဲ့ သိုင်းချတဲ့ သိုင်းလည်း သင်ရတယ်။ မြန်မာလက်ဝှေ့လည်း သင်ရတယ်။ ၄ လလောက်သင်ပြီးတော့ ကျွန်တော့်ကို စာမေးပွဲစစ်တယ်။ ပြီးတော့ ၃ လလောက်ထပ်ပြီးတော့ လေ့ကျင့်ရတယ်။ အခုဆို ၂ လရှိပြီ  ရိုက်တာ'' လို့ဆိုပါတယ်။

 

အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီအက်ရှင်ဇာတ်လမ်းတွဲလေး က   မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က