ဇူလိုင်(၂၀) ရက်နေ့ မနက် အစောပိုင်းက အဟက်ခံလိုက်ရတာပါ။

ပရိသတ်ရဲ့ အားပေးမှုကို အခုထက်ထိ ရရှိထားတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇူလိုင်(၂၀) ရက်နေ့ မနက်(၁း၀၀)နာရီ လောက်က အဟက်ခံရပြီး မနက်(၉း၀၀)နာရီလောက်မှာ အကောင့်ပြန်ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်အကောင့်ကို ဟက်သွားတဲ့ ဟက်ကာတွေကို နန္ဒာလှိုှုင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဘာမှစိတ်ဝင်စားစရာ မရှိဘူးဆိုတာ သိပြီလားလို့ ပြန်မေး လိုက်ပါတယ်။

Photo : နန္ဒာလှိုင် FB

 

ဇူလိုင်(၂၀) ရက်နေ့ မနက်အစောပိုင်းက နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရပါတယ်။ မနက်(၁း၀၀)လောက်က အဟက်ခံ လိုက် ရတာဖြစ်ပြီး မနက်(၉း၀၀)နာရီလောက်မှာ ဖေ့စ်ဘွတ်အကောင့်ပြန်ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်အကောင့် ပြန်ရသွားချိန် နာရီပိုင်းလောက် မှာ ဟက်ကာတွေကို နန္ဒာလှိုင်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ စကားတစ်ခွန်း ပြောလိုက်ပါတယ်။

Photo : နန္ဒာလှိုင် FB

 

အဲ့ဒါက "ကျွန်မရဲ့ fb account ကဘာမှစိတ်ဝင်စားစရာမရှိဘူးဆိုတာသိပြီလား" ဆိုပြီး  ဇူလိုင် (၂၀) ရက်နေ့က ပြောလိုက်တာ ဖြစ်ပါတယ်။ သူမရေးထားတဲ့ စာသားအောက်မှာ ခင်ပွန်းဖြစ်သူ ဇေသီဟက စနောက်ပြီး ကောမန့်လေးတစ်ခု ပြန်ပေးထားတာ တွေ့ရပါတယ်။"Private Photo တွေလာရှာတာထင်တယ်။ ယောင်္ကျားရဲ့ ပုံရှာတွေ့သွားလား ဟင်." ဆိုပြီး မေးထားပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ကောမန့်ကိုလည်း နန္ဒာလှိုင်က ယခုလို ပြန်ဖြေထားပါတယ်။"အဲဒါမှဒွတ်ခ အညှစ်ခံရတော့မယ်" ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန် စနောက်ထားကြပါတယ်။

Photo : နန္ဒာလှိုင် FB

 

နန္ဒာလှိုင်ရဲ့ ကောမန့်မှာ သူတို့နှစ်ဦး တစ်ဦးနဲ့ တစ်ဦး စနောက်နေသလို ပရိသတ်တွေနဲ့လည်း အပြန်အပြန် အလှန်လှန် စကားတွေ ပြောထားကြပါတယ်။

မိသားစုကို အချိန်ပေးဖြစ်နေပြီး သာယာတဲ့ မိသားစုဘဝလေးရအောင် ကြိုးစားနေတဲ့ နန္ဒာလှိုင်ကို တိုက်ခိုက်တဲ့ သူတွေ လည်း ရှိနေတယ်ဆိုပြီး နန္ဒာလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁) ရက်နေ့က ရေးထားတာ တွေ့ရပါတယ်။

Photo : နန္ဒာလှိုင် FB

တိုက်ခိုက်နေတဲ့သူတွေကို မေးခွန်းပြန်ထုတ်လိုက်တဲ့ နန္ဒာလှိုင် 

သူမရဲ့ ပရိသတ်တွေက တိုက်ခိုက်နေတဲ့ သူတွေကို ဂရုမစိုက်ဖို့ကောမန့်တွေပဲ ပြောထားကြပါသေးတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

 

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က