AD
AD
AD

လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ကိုကျော်ထူးကို စနောက်လိုက်တဲ့ ဖြိုးငွေစိုးတစ်ယောက် ကိုကျော်ထူးရဲ့ အလှဲ့ကျရင် မနွဲ့ကြေး ဆိုပြီး တော့ စိန်ခေါ်မှုကို ခံလိုက်ရပါပြီ။ ဖြိုးငွေစိုးက ကိုကျော်ထူးကို မကြာခဏဆိုသလို စတတ် နောက်တတ်တဲ့ သူပါ။ သူကိုယ်တိုင်ကလည်း ပျော်ပျော် နေတတ်တဲ့သူဖြစ်ပါတယ်။

play
photo- phyo Ngwe Soe, Kyaw Htoo

 

သရုပ်ဆောင် ဖြိုးငွေစိုး တစ်ယောက် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ကျော်ထူးကို လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ စာသားတချို့နဲ့ကျော်ထူး ရဲ့ ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံတွေတင်ရင်းစနောက်ခဲ့ပါတယ်။ ဖြိုးငွေစိုး ကတော့ တကယ်ကို အစအနောက်သန်တဲ့ သူတစ်ယောက်ပါ။ ကိုကျော်ထူးကိုတော့ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ဖေ့စ်ဘွတ်ပေါ်မှာ စနောက်ကခဲ့တာဖြစ်ပါတယ်။

'' ကိုကျော်ထူးတကယ်လဲမဟုတ်ဘဲနဲ့။ သူများ ခွင်ကိုလိုက်မလုပ်ပါနဲ့ဆိုတာပြောမရဘူးအခုတော့ သူ့ကို ရဲတွေကဝိုင်းပြီး ဟိုဒင်းပြုတယ်၊ ဟိုလို ကျင့်တယ် ဟိုလိုဖွင့်တယ်နဲ့ ရဲစခန်းသွားပြီးအမှုသွားဖွင့် တာ အခုဟိုကသူ့ကိုပြန်ဖွင့်တော့မယ်။လက်ထိပ် တော့ခက်ပြီးပြီ ခနနေသူ့ဖွင့်တော့မှာ အခုမျက်နှာကဝမ်းသာနေတဲ့ပုံနဲ့ အတော်ပျော်နေပုံရတယ်ဗျအရင်အမှုလဲမပြီးသေးဘူးဆိုတော့လေ'' လို့ ရေးသားခဲ့တာပါ။

play
photo- phyo Ngwe Soe Fb

 

ဖြိုးငွေစိုးက ဖေ့စ်ဘွတ်ပေါ်ကနေ စနောက်လိုက်တဲ့ အပေါ် ကျော်ထူးကတော့ ပို့စ်အောက်ကနေ Comment စာကြောင်းပြန်ခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ ပရိသတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေကတော့ ဖြိုးငွေစိုးနဲ့ ကျော်ထူးတို့ရဲ့ စကားအပြန်အလှန်ပြောဆိုနေပုံကို ကြည့်ပြီး သဘောကျလျှက်ရှိပါတယ်။

'' မဟုတ်မဟတ်လုပ်ဇာတ်မင်းဘက်က စခင်းတာနော်။ ရပြီအလှဲ့ကျမနွဲ့ကြ ကြေးဟုတ်ပြီလား'' ဆိုပြီးတော့ ကျော်ထူးကလည်း Comment ပြန် လည်ရေးသားခဲ့ပါတယ်။ဖြိုးငွေစိုးကလည်း အခုလိုပြန်လည်ရေးသားခဲ့ပါသေးတယ်။'' မလုပ်ပါနဲ့ဗျာ လူကြီးနဲ့ ခလေး လူကြီးက သဘော ကြီး မှပေါ့ဒါနဲ့ ရဲတွေနဲ့ပလူးပလဲနွဲ့တဲ့တဲ့လုပ်တာပျော်လားတဲ့ ဦးလေးကိုရေချိုးပေးတဲ့စခန်းမှုးကမေးတယ်''ဆိုပြီးတော့  ရေးသားခဲ့ကြပါတယ်။

play
photo- phyo Ngwe Soe Fb

 

ဖြိုးငွေစိုးက ဟာသသရုပ်ဆောင် ကျော်ထူးကို အနုပညာညီအစ်ကိုအဖြစ် ရင်းရင်းနှီးနှီးခင်ခင်မင်မင်ရှိတာကို တွေ့ရပါတယ်။ မကြာခဏဆို သလို ဦးကျော်ထူးကို စနောက် တတ်တဲ့ သူတစ်ယောက်ပါ။ ကျော်ထူးကလည်း စနောက်တာကို ပြန်လည်ချေပတတ်သူ တစ်ယောက်ပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာဖြစ်ပါတယ်။

play
photo- Kyaw Htoo Fb

 

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD