ဖန်တီးထားတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းစရာပါ။

"ဇာတိမြေ " ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင် အွန်လိုင်းမှာ ဇာတ်ကားတစ်ကားလုံး ပြန့်လို့နေပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက် ပြီး ဒီဇာတ် ကား ကို ပုံဖော်ထားကြတဲ့ အနုပညာရှင်တွေ စိတ်မကောင်းဖြစ်လို့နေသလို ပရိသတ်တွေလည်း စိတ်မကောင်းဖြစ် နေကြပါတယ်။ ထုတ်လုပ် သူတွေအနေနဲ့လည်း ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကို တရားမဝင်ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ အွန်လိုင်း ပေါ်မှာ တင်ခြင်းတို့ကို မပြုလုပ်ကြဖို့ အတွက် မေတ္တာရပ်ခံထား တာ တွေ့ရပါတယ်။



Photo : ဇာတိမြေ FB

 

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင်ခင် ဇာတ်ကားတစ်ကားလုံး အွန်လိုင်းပေါ်မှာ ပြန့်လို့နေပါတယ်။ ဇူလိုင်လ(၂၇) ရက်မှာ ရုံတင် တော့မယ့် ဇာတိမြေ ဇာတ်ကားအတွက် ပုံဖော်ထားကြတဲ့ အနုပညာရှင်တွေသာမက ပရိသတ်တွေအနေနဲ့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကို တရားမဝင်ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ အွန်လိုင်းပေါ်မှာ တင်ခြင်းတို့ကို မပြုလုပ်ကြဖို့အတွက် မေတ္တာရပ်ခံထား တာ တွေ့ရပါတယ်။

Photo : ဇာတိမြေ FB

 

" 'ဇာတိမြေ'  ရုပ်ရှင်ကားကို တရားမဝင်ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ Online ပေါ်တင်ခြင်း၊ လက်ဝယ်ထားရှိခြင်းမပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ အကယ်၍ အထက်ပါအချက်အလက်များ ဆက်လက်လုပ်ဆောင်နေပါက တည်ဆဲဥပဒေများဖြင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။" ဆိုပြီး ဇူလိုင်(၂၁) ရက်နေ့ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားရဲ့ တရားဝင် ဖေ့စ်ဘွတ်ပေ့ချ်ကနေ ကြေညာထားတာတွေ့ရပါတယ်။

Photo : ဇာတိမြေ FB

မျိုးချစ်စိတ်ရှိတဲ့ပရိသတ်တွေကြိုက်မယ့်ဇာတ်ကားပါဆိုတဲ ရန်အောင်

ဇူလိုင်(၂၇) ရက်နေ့မှာ ရုံတင်တော့မယ့် ဇာတ်ကားအတွက် ယခုလို ပြုလုပ်လိုက်ခြင်းဟာ ပုံဖော်ထားကြတဲ့ အနုပညာရှင်တွေအတွက် အရမ်းကို နစ်နာစေပါတယ်။ အဲ့ဒီအတွက်လည်း အနုပညာအသိုင်းအဝိုင်းကသာမက ပရိသတ်များကပါ ဒီဇာတ်ကားကို ရုံတင်ရင် သွားကြည့် ကြဖို့ တိုက်တွန်းထားကြသလို အွန်လိုင်းမှာ ပြန့်နေတဲ့ ဇာတ်ကားတစ်ခုလုံးကို မရှဲကြဖို့နဲ့ တင်တဲ့သူတွေအားလုံးကို Report ထုဖို့ တိုက်တွန်းထားကြပါတယ်။

Photo : ဇာတိမြေ FB

 

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ပူးပေါင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ အောင်ရဲလင်း၊မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး အဲ့ဒီ ဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ထားတာပါ။ ယင်းရုပ်ရှင်ဇာတ်ကား နဲ့အတူ မြန်မာပရိသတ်တွေ ကို သတိထားမိစေသူကတော့ မြန်မာလူမျိုး ဂျပန်အနုပညာရှင် မိုရီဆာကီဝင်းဖြ စ်ပါတယ်။ အဝင်းဆိုပြီး ချစ်စနိုးခေါ်ခြင်း ခံရတဲ့ မိုရီဆာကီဝင်းဟာ  PrizmaX Boy Band မှအဆိုုတော် သရုုပ်ဆောင်  တစ်ဦးဖြစ်ပါတယ်။

Photo : ဇာတိမြေ FB

 

အဖေကော အမေပါ မြန်မာလူမျိုးတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာပဲ မွေးတဲ့ မိုရီဆာကီဝင်းကတော့ PrizmaX Boy Band နဲ့ အနုပညာလောကမှာ အောင်မြင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ဂျပန်နိုင်ငံမှာသာမက မြန်မာနိုင်ငံ မှာလည်း ပရိသတ်တွေ ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကိုတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာများမှာ ရိုက်ကူးထားသလို မြန်မာနိုင်ငံမှာလည်း ရွှေတိဂုံဘုရား၊ အင်းလေး ၊ ရှမ်းပြည်နယ်တို့အပြင် အခြားသော နေရာများလည်း ရိုက်ကူးထားပါတယ်။ ယင်းရုပ်ရှင်ဇာတ်ကားဟာ ဂျပန်မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရေး ကို ဦးတည်ပြီး MNTV ရုပ်သံလိုင်းနဲ့ Japan JIB( Japan International Broadcasting Inc.)တို့ ပူးပေါင်းပြီး ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က