ကုသိုလ်ထူးပါပဲ။

စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာ သီတဂူဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ သူတို့စုံတွဲလေးဟာ အလှူအတန်းတွေဆိုလည်း အတူတူလုပ်တတ်သူတွေပါ။

 

အဆိုတော် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဒီနေ့(ဇူလိုင်၂၂) ရက်နေ့မှာ သီတဂူဆရာတော် ဘုရားကြီးကို ဝါဆိုဦးအလှူကို လှူဒါန်းခွင့်ရတယ် လို့ ဆိုပါတယ်။ ဆရာတော်ကြီးကို ဝါဆိုဦးအလှူ နဝကမ္မ လှူခွင့်ရတဲ့အတွက်လည်း စန္ဒီမြင့်လွင်တစ်ယောက် အတိုင်းမသိ ဝမ်းမြောက်ရ ပါတယ်လို့ ဆိုပါတယ်။

"သီတဂူဆရာတော်ဘုရားကြီးကိုဝါဆိုဦးအလှူနဝကမ္မ လှူခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းမြောက်ရပါတယ် ဖိတ်ကြားတဲ့ မမဝတ်ရည်Wit Yi နဲ့မမသီရိThiri Grace တော်ဝင်မိသားစုကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်  " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင် (၂၂) ရက်နေ့ ရေးသားထားပါတယ်။

 

ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စုံတွဲဖြစ်ပါတယ်။  အလှူအတန်းဆိုလည်း နှစ်ယောက် အတူတူ ပြုလုပ်တတ်ပြီး ပျော်ပွဲရွှင်ပွဲတွေဆိုလည်း နှစ်ယောက်အတူတူဖြတ်သန်းဖြစ်တာေ တွ့ရပါတယ်။ စန္ဒီမြင့်လွင်ဟာ ခင်ပွန်းနဲ့အတူ ဇွန်လ(၇) ရက်နေ့ သာသနာ့ဘောင်ထဲ အတူတူဝင်ရောက်ခဲ့ကြပါသေးတယ်။

ညီအစ်မ ၄ယောက် ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 

ခင်ပွန်းဖြစ်သူက ရဟန်းခံခဲ့ပြီး သူမက သီလရှင် ဝတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတော ရကျောင်း မှာ ဝတ်ခဲ့ကြတာပါ။သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ဟာ  ခင်ပွန်းသည် ကိုသီဟလွင်ဟာ သူမအပေါ် အရမ်း ကောင်းတဲ့ ခင်ပွန်းသည်ဖြစ်တယ်လို့ မေလ(၂၅) ရက်နေ့ အင်တာဗျူးတုန်းက ရင်ဖွင့်ခဲ့ပါသေးတယ်။

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ် ချိန်တွေ မှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေ ပါတယ်။

 

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က