AD
AD
AD

ခင်လှိုင်တို့ ဇနီးမောင်နှံက မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်မြတ်ကြီး အတွက် အလှူငွေ သုံးသိန်း တစ်သောင်းကျပ် နဲ့ အတူ ကျောက်ပြားအချပ် ၅၀၀ တို့ကို ဇူလိုင်လ ၂၃ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တတိယ အကြိမ်မြောက် စက်ရေ တွင်းလှူဒါန်းဖို့လည်း အလှူငွေ ကောက်ခံလျှက်ရှိပါတယ်။

play
Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခင်လှိုင်တို့ ဇနီးမောင်နှံဟာ မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက် အလှူငွေ သုံးသိန်း တစ်သောင်းကျပ်နဲ့ အတူ ကျောက်ပြားအချပ် ၅၀၀ တို့ကို  ပါဝင်လှူဒါန်းခဲ့တယ်ဆိုတာကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

'' မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်မြတ်ကြီးတွင် ဆရာတော်ဝိဇ္ဇာဝရသိဒ္ဓိအောင်အားဝါဆိုသင်္ကန်းကပ် ဘုရားရင်ပြင်တော် နေပူခံ ကျောက်ပြားအချပ် ၅၀၀ ပထမ အကြိမ်အလှုတော်နှင့် ဝတ္ထုငွေ ၃၁၀၀၀၀ ကျပ် လှုဒါန်းခြင်းနှင့် အဘအောင်မင်းခေါင် ပုံတော်ပေးအပ် လှူဒါန်း မှု ကောင်းမှုအစုစုတို့ကို ခင်မွန်းကြီးဆယ်ပါးနှင့် ၇ ရက်သားသမီးပရိတ်သတ်အပေါင်းကိုရည်စူးပြီးလှုဒါန်းခဲ့ပါတယ်'' လို့ ဆိုပါတယ်။

play
Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ဦးဖြစ်ပါတယ်။ဇာတ်ကားရိုက်ကွင်း ပြီးတိုင်းမှာလည်း ပံ့ပိုးပေးခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မကြာခဏ အလှူအတန်းပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီနောက် ရေလိုအပ်တဲ့ ကျေးရွာတွေ အတွက် ကိုလည်း ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေတာကို တွေ့ရပါတယ်။

play
Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

အခုလက်ရှိမှာလည်း ခင်လှိုင်ဦးဆောင်လျှက်ရှိတဲ့ ရေအကျိုးတော်ဆောင်အသင်းကနေ တတိယအကြိမ်မြောက်အဖြစ် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် မန်းကျည်းကုန်းအုပ်စု မန်းကျည်းကုန်း ကျေးရွာအတွက် စက်ရေတွင်း ဆောက်လုပ်လှူဒါန်းဖို့ အတွက် အလှူငွေတွေ ကောက်ခံလျှက်ရှိနေတယ်လို့ သိရပါတယ်။

play
Photo: ခင်လှိုင်ဖေ့စ်ဘွတ်

 

ခင်လှိုင်ဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ဘော်ဘော် ကထှော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း လူရိုင်းတစ်ဦးရဲ့ ကာရိုက်တာ ပီပြင်အောင် ဟာသနှောပြီး သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အနုပညာသက်တမ်းကြာနေပြီဖြစ်တဲ့ ခင်လှိုင်က ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD