ကားအက်စီးဒင့် သတင်းက အမှန်မဟုတ်ပါဘူး။

ဝိုင်းလေး ကားအက်စီးဒင့်ဖြစ်တယ်ဆိုတဲ့သတင်းက အမှန်မဟုတ်ပါဘူးတဲ့။ MTV ထဲက Scene တစ်ခုပါလို့ ဆိုပါတယ်။ ဝိုင်းလေး က ပရိသတ်တွေကို စိတ်မပူဖို့လည်း ပြောထားပါတယ်။

Photo : ဝိုင်းလေး FB

 

ဒီနေ့(ဇူလိုင်၂၄ရက်) မနက်ပိုင်းက အဆိုတော် ဝိုင်းလေးတစ်ယောက် ကားအက်စီးဒင့် ဖြစ်တယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်ပေါ်မှာ တော်တော့်ကို ပြန့်သွားခဲ့ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူသွားခဲ့ကြသလို အနုပညာမောင်နှမတွေလည်း စိတ်ပူ နေကြ တာကို တွေ့ရပါတယ်။

သို့ပေမယ့်လည်း ဝိုင်းလေးကားအက်စီးဒင့် ဖြစ်တယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ခဲ့ပါဘူး။ ဝိုင်းလေးရဲ့ သီချင်းသစ် တစ်ပုဒ်ဖြစ်တဲ့ "ဒဏ်ရာမိုး" MTV ထဲက Scene တစ်ခုသာ ဖြစ်တယ်လို့ ဝိုင်းလေးက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြောပြထားပါတယ်။

Photo : ဝိုင်းလေး FB

 

"စတာဘာနောက်တာဘာ  ဖုန်းတွေမဆက်ကြဘာနဲ့နော် ဘာမှမဖြစ်ပါဘူး။ 'ဒဏ်ရာမိုး' MTV ထဲက scene တစ်ခုပါ စိတ်မပူ ကြပါ နဲ့တော့ " ဆိုပြီး ဇူလိုင် (၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဝိုင်းလေးရဲ့ "ဒဏ်ရာမိုး" သီချင်းသစ်က ဇူလိုင်(၂၁) ရက်နေ့က Single song  အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ MTV ကိုတော့ မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ သိရပါတယ်။

Photo : ဝိုင်းလေး FB

တစ်ယောက်တည်း ဖြစ်သွားပြီဆိုုတဲ့ ဝိုင်းလေး 

ဝိုင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေသလို အွန်လိုင်းကနေ တစ်ပုဒ်ချင်း ဖြန့်နေတာကိုလည်းေ တွ့ရပါတယ်။ သူမထွက်ရှိထားတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဝိုင်းလေး FB

 

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က