ကတုံးအစစ်တုံးပြီး သီလရှင်ဝတ်လိုက်တာပါ။

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကတုံးအစစ်တုံးပြီး သီလရှင်ဝတ်ခဲ့ပါတယ်။ အရင်က ကတုံးအတုနဲ့ရိုက်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ရှိပေမယ့်လည်း ကတုံးအတုက သိသာနေလို့ ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကား တစ်ကား ကို သူမကြောင့် ထိခိုက်မှာစိုးတဲ့အတွက် ကတုံးအစစ်တုံးခဲ့တာပါတဲ့။



Photo : ပန်းချီစိုးမိုး FB

 

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးနေတဲ့ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးမှာ သီလရှင်ဝတ်ရမယ့် ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင် စိုးပြည့်သဇင်က ကတုံးအစစ်တုံးပြီး သီလရှင် ဝတ်ခဲ့တယ်လို့ သိရပါတယ်။

စိုးပြည့်သဇင် သီလရှင်ဝတ်တဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံလေးတွေကို ဒါရိုက်တာ ပန်းချီစိုးမိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားရင်း ယခုလို ပြောပြထားပါသေးတယ်။

Photo : ပန်းချီစိုးမိုး FB

"ကမ္မဖလ ရုပ်ရှင်ကားကြီးအတွက် စိုးပြည့်သဇင်က တကယ်သီလရှင်ဝတ်ပြီး ကတုံးအစစ်တုံးတာပါ ( ပထမက ကတုံးအတုနဲ့ ရိုက်ထား ပါတယ်။ ကတုံးအတုက သိသာနေလို့ ဆရာကတုံး အစစ်တုံးချင်လား သမီး သီလရှင်ဝတ်လိုက်မယ်  ကတုံးအစစ်တုံးလိုက်မယ် ) ဆိုပြီး သီလရှင် အစစ်ဝတ်တာပါ" ဆိုပြီး ဇူလိုင် (၂၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပန်းချီစိုးမိုး FB

 

ပထမပိုင်းမှာ စိုးပြည့်သဇင်အနေနဲ့ ကတုံးအတုနဲ့ ရိုက်ထားခဲ့တာ ရှိပေမယ့်လည်း သူမကြောင့် ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားတစ်ကားကို ထိခိုက်မှာ စိုးတဲ့အတွက် ကတုံးအစစ်တုံးပြီး သီလရှင် ဝတ်မှာ ဖြစ်တယ်လို့ အင်တာဗျူး တော်တော်များများ မှာ ဖြေဆိုပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ ဆံပင်အရှည်ကို ယောကျ်ားကေ ညှပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : ပန်းချီစိုးမိုး FB

 

စာရေးဆရာကြီး တင့်တယ်ရဲ့ ကမ္မဖလ ဝတ္ထုကို ဒါရိုက်တာ ပန်းချီစိုးမိုးက ပြန်လည်ရိုက်ကူးတာ  ဖြစ်ပြီး သရုပ်ဆောင်ပြေတီဦး၊သူထူးစံ၊ စိုးရန်အောင်၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်၊ မေပန်းချီတို့က ပါဝင်ထားတယ်လို့ သိရပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က