သူမရဲ့ မွေးနေ့ နောက်လထဲမှာပါ။

ဝိုင်းလေးက မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ စီစဉ်နေပါတယ်။ သူမရဲ့ မွေးနေ့က သြဂုတ်လ(၃) ရက်နေ့ ဖြစ်ပါတယ်။ မွေးနေ့မှာ ပရိသတ်တွေနဲ့ ပရဟိတကျောင်းလေးတခုမှာ သွားလှူဖို့ စီစဉ်နေတာပါ။

 

အဆိုတော် ဝိုင်းလေးက သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူတစ်ခု ပြုလုပ်ဖို့အတွက် စီစဉ်ထားပါတယ်။ သြဂုတ်လ(၃)ရက်နေ့ တွင် ကျရောက်မယ့် သူမရဲ့ မွေးနေ့အလှူမှာ သူမနဲ့အတူတူ အလှူလုပ်ဖို့အတွက် ပရိသတ်တွေကို ဖေ့စ်ဘွတ်ကနေ ဖိတ်ခေါ်ထားတာ တွေ့ ရပါတယ်။

"မင်္ဂလာပါ သြဂုတ်လ ၃ ရက်နေ့ မှာ ကျရောက်တော့မဲ့ ဝိုင်းလေးရဲ့ မွေးနေ့အတွက် အားလုံးနဲ့ အတူအလှူဒါနတခုပြုလုပ်ချင်ပါတယ်။ ကျောင်းလေးကတော့ မဟာနွယ်ပရဟိတ ကျောင်းဖြစ်ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၅) ရက်နေ့က ရေးသားထားပါတယ်။

ပရိသတ်တွေကို စိတ်မပူကြဖို့ ပြောလိုက်တဲ့ ဝိုင်းလေး  

ပရိတ်တွေနဲ့အတူ သွားလှူဖို့ စီစဉ်ထားတဲ့ နေရာလေးက ဒဂုံမြို့သစ်၊ အရှေ့ပိုင်းမြို့နယ်မှာ ရှိတဲ့ "မဟာနွယ်ပရဟိတကျောင်းတိုက်"ကို သွားလှူဒါန်းမှာ ဖြစ်ပါတယ်။ အလှူငွေ ပါဝင်လှူဒါန်းလိုတဲ့ သူများအနေနဲ့ သူမကို ဆက်သွယ်ပြီး ပါဝင်လှူဒါန်းနိုင်တယ်လို့လည်း ပြောထားတာတွေ့ရပါတယ်။

ဝိုင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေသလို အွန်လိုင်းကနေ တစ်ပုဒ်ချင်း ဖြန့်နေတာကိုလည်းေ တွ့ရပါတယ်။ သူမထွက်ရှိထားတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။

 

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။


 

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က