ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦး။

အနုပညာမောင်နှမ ၃ ဦးဖြစ်တဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ ၃ ယောက်က ဇူလိုင်လ ၂၈ ရက်နေ့မှာ တော့ သန်လျှင်မြို့နယ်၊ တာဝလမ်းဆုံမှာရှိတဲ့ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ အလှူသွားလုပ်မယ်လို့ ညီထွဋ်ခေါင်က ပြောပါတယ်။ ဒီအလှူ လေး ကတော့ ဆုမြတ်နိုးဦးရဲ့ မွေးနေ့အကြိုအလှူလေးပါတဲ့။



Photo: Nyi Htut Kaung Fb

 

ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာမောင်နှမ ၃ ဦးဖြစ်တဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ဟာ ဇူလိုင်လ ၂၈ ရက်နေ့မှာ တော့ သန်လျှင်မြို့နယ်၊ တာဝလမ်းဆုံမှာရှိတဲ့ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ နေ့လည်စာ ထမင်း၊ ဟင်းနဲ့ မုန့်တွေကို သွားရောက်လှူဒါန်းမယ်လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က Duwun Media ကို ပြောပြလာခဲ့ပါတယ်။

'' အဓိက ကတော့ အဲ့ဒီကျောင်းက အရမ်းကိုဆင်းရဲပြီးတော့ ကလေးတွေက အသားဟင်းနဲ့ ထမင်းမစားရတာတွေ တော်တော်ကြာပြီတဲ့။ သွားလှူတယ်ဆိုတာကလည်း အဲ့ဒီနေရာကို ပရိသတ်တွေသိစေချင်တာပါ။ သိပြီးတော့လည်း လာလှူစေချင်တာပေါ့နော်။ ကျောင်းသား အယောက် ၄၀၀ လောက်ရှိတယ်'' လို့ ဆိုပါတယ်။

Photo: Nyi Htut Kaung Fb

 

ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ မိဘမဲ့ကလေးပေါင်း အယောက် ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီအလှူလေးလုပ် ဖြစ်ခဲ့တာကလည်း မကြာခင်ကျရောက်တော့မယ့် အနုပညာညီမငယ် ဆုမြတ်နိုးဦးရဲ့ မွေးနေ့ အကြိုအလှူလည်းဖြစ်တဲ့အကြောင်း ဆက်လက် ပြောပြခဲ့ပါတယ်။

'' အကုန်လုံးကတော့ မိဘမဲ့တွေချည်းပဲ စာတွေလည်းသင်ပေးတယ်။ အနေအစားလည်း ဆင်းရဲတော့ အစ်ကိုတို့လည်း နေရာ စုံစမ်းပြီး သွားလှူဖြစ်တယ်။ လှူဖြစ်တာကလည်း ဆုမြတ်နိုးဦးက သူ့မွေးနေ့လည်း နီးပြီဆိုတော့ အစ်ကိုရယ်၊ ကျော်ကျော်ရယ်၊ သူရယ် စုပြီးတော့ သွားလှူဖြစ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။

ဇာတ်ကားရုံတင်ခွင့်ရဖို့ နေ့တိုင်းဆုတောင်းနေရတဲ့ ညီထွဋ်ခေါင် 

တကယ်လိုအပ်တဲ့ ကလေးငယ်တွေအတွက် ပြုလုပ်မယ့် အလှူအပေါ် ဝမ်းသာပီတိလေးကတော့ ဇူလိုင် ၂၈ ရက်နေ့မှ ကိုယ်တိုင်ကိုယ်ကျ လှူ ဖြစ်မှာသာ ခံစားမိမယ်လို့ ညီထွဋ်ခေါင်က ပြောပါတယ်။ ကလေးအယောက် ၄၀၀ ကို ထမင်း နဲ့ အသားဟင်း တို့ကို နေ့လည်စာအဖြစ် ကျွေးမွေးပြီး အချိုတည်းဖို့အတွက် ရေခဲမုန့် ကျွေးမယ်လို့ ဆိုပါတယ်။

Photo: Nyi Htut Kaung Fb

 

သရုပ်ဆောင် ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦး တို့ဟာ တကယ်ကို ချစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းတဲ့ အနု ပညာမောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း များသောအားဖြင့် ၃ ယောက် အတူတူ ပါဝင်သရုပ်ဆောင်ထားတာတွေလည်း ရှိပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က