ဘယ်လိုအနိုင်ယူခဲ့တာလည်းဆိုတာ ပြောပြထားတယ်နော်။

အရင်ကနဲ့ မတူတော့တဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှု ခံနေရတဲ့ အေသင်ချိုဆွေက အထီးကျန်ခြင်းကို အနိုင်ရခဲ့တာ ကြာပါပြီတဲ့။ ပျော်ချင်ယောင် ဆောင်နေတယ်ဘဲ ထားဦး နေတတ်သွားပြီလေ ဒါဟာ အနိုင်ရခြင်း တစ်မျိုးပဲလို့ သူမက ဆိုပါတယ်။

Photo : အေသင်ချိုဆွေ FB

 

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့ အဆိုေတော် အေသင်ချိုဆွေက သူ့ရဲ့ ခံစားချက်တချို့ကို ဖွင့်ဟလာပါတယ်။ အဆို တော်အေသင်ချိုဆွေဟာ အရင်ကနဲ့ မတူတဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသူတစ်ဦးဖြစ်ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီ ဖြစ်တဲ့ အေသင်ချိုဆွေဟာ သူမရဲ့ ခံစားချက်တွေနဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှု အကြောင်း တွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမြဲတမ်း တင်ဖြစ်နေသူတစ်ဦးပါ။ ဇူလိုင်လ(၂၅) ရက်နေ့က အေသင်ချိုဆွေဟာ သူမရဲ့ ခံစားချက်စာသားတချို့ကို ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

 

အထီးကျန်ခြင်းကို အနိုင်ရခဲ့တာကြာပြီဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ခံစားချက်တချို့ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

"အထီးကျန်ခြင်းကိုအနိုင်ရခဲ့တာကြာပြီ။ ပျော်ချင်ယောင်ဆောင်နေတယ်ဘဲထားဦး။ နေတတ်သွားပြီလေ ဒါအနိုင်ရခြင်းတမျိုးဘဲ။ ဘယ်သူ့ ဘဝမှ မရိုးရှင်းဘူး၊မဖြောင့်ဖြူးဘူး၊ မဖြူစင်လွန်းဘူး ....... နေတတ်ဖို့ဘဲလိုတယ်..။ နေတတ်ရမယ်... နေနိုင်ရမယ် ။ အကောင်းဆုံး အတ္တကြီး နိုင်ရမယ်။ တကိုယ်ကောင်းဆန်နိုင်ရမယ် ဒါမှ လူပီသမယ်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၅) ရက်နေ့ ရေးသားထားတာ တွေ့ရပါတယ်။

ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ သူမရဲ့ စာသားလေးက ပရိသတ်တွေနဲ့ ထပ်တူကျခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo : အေသင်ချိုဆွေ FB

ချေတယ်လို့ ပြောကြတဲ့အပေါ် ပြန်ဖြေရှင်းလိုက်တဲ့ အေသင်ချိုဆွေ 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ အခုလက်ရှိအချိန်ထိ single တစ်ယောက်ဖြစ်နေ တဲ့ အေသင်ဟာ Single is the Best ပါပဲတဲ့။

"Single ပါပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ Single is the Best Ever အဲ့တော့ ထပ်ပြီးတော့လည်း Relationship တွေဘာတွေ ထပ်ထားဖို့ လည်း အစီအစဉ်မရှိပါဘူး။အေသင်လွတ်လွတ်လပ်လပ် ဒီတိုင်းလေး နေရတာ ပိုသဘောကျတယ်။စိတ်ပူရမယ့်သူလည်းမရှိဘူး။ သဝန်တိုရ မယ့် သူလည်းမရှိဘူး။အရမ်းအေးချမ်းတယ်" လို့ သူမက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားတာပါ။

Photo : အေသင်ချိုဆွေ FB

 

အချစ်ရေးကို စိတ်မဝင်စားသေးတဲ့ သူမက အပျိုကြီးပဲ ဖြစ်တော့မလားမသိဘူးလို့လည်း ဆိုပါတယ်။

"အပျိုကြီး ဖြစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီလိုနေရတာ ပိုပျော်ဖို့ ကောင်းလို့ ချစ်ရတဲ့သူလည်း ပင်ပန်းတယ်။ Idol တွေရဲ့ Relationship တွေကို ကြည့်ရတာလည်း ဓာတ်ပုံလေးတွေ တက်လာရင်သာ ပျော်ဖို့ကောင်းတာ။တကယ်တမ်း သူတို့လည်း သူတို့ပြဿနာတွေ အများကြီးရှိကြ တယ်။ မပြောတတ်ဘူးခေတ်ကြီးကိုက တစ်မျိုးကြီး ဖြစ်လာသလိုပဲ"လို့ သူမက ဆက်လက် ပြောပြခဲ့ပါတယ်။

 

သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က