အားလုံးကိုလည်း လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်ရဲ့ အိမ်မှာ စတုဒီသာကျွေးမှာတဲ့နော်။ ပရိသတ်တွေကိုလည်း လာခဲ့ဖို့အတွက် သူ့က ဖိတ်ခေါ်ထားပါသေးတယ်။



 

ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်ဟာ သူ့ရဲ့ အိမ်မှာ စတုဒီသာ ကျွေးဖို့ ရှိတာကြောင့် ပရိသတ်တွေ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ် ထားပါတယ်။ ဇူလိုင်(၂၇) ရက်နေ့ ဝါဆိုလပြည့်နေ့မှာ သုဝဏ္ဏမှာရှိတဲ့ ခင်လှိုင်ရဲ့ နေအိမ်တွင် ဝါဆိုသင်္ကန်းကပ်လှူရင်းနဲ့ (၇) ရက်သား သမီးများဖြစ်ကြတဲ့ ပရိသတ်တွေကို စတုဒီသာ ကျွေးမွေးသွားမှာ  ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

သူရဲ့ ဖေ့စ်ဘွတ်ကနေ အလှူကို လာဖို့အတွက် ယခုလို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

"ကျွန်တော်လေးစားချစ်ခင်ရပါသော ၇ ရက် သားသမီးချစ်မိတ်ဆွေပရိတ်သတ်အပေါင်းတို့ခင်ဗျာ၂၇.၇.၂၀၁၈ ဝါဆိုလပြည့်နေ့ ကျွန်တော် အိမ် မှာဘုရားနေကဇာတင် ဝါဆိုသင်္ကန်းကပ်အလှူတော်နှင့် (၇) ရက်သားသမီး ပရိတ်သတ်အပေါင်းတို့အား စတုဒီသာ ထမင်း၊ ဘဲဥဟင်း၊ သီးစုံပဲဟင်း၊ ငါးခြောက်အစပ်ကြော်တို့ကိုကျွေးပါမည်။ လာရောက်သုံးဆောင်ကြပါခင်ဗျာ ကျွန်တော်နှင့် ရင်းနှီးခင်မင်ကြသော မိတ်ဆွေများ ကိုလဲ ဖိတ်စာနဲ့ မဖိတ်နိုင်တဲ့အတွက် fb ကနေဖိတ်လိုက်ပါတယ်နော် အလုပ်မအားလို့သီးသန့်မဖိတ်နိုင်တာကိုခွင့်လွှတ်ကြပါခင်ဗျာ" ဆိုပြီး ဇူလိုင်(၂၆)ရက်နေ့ ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်ကြီးအတွက် ခင်လှိုင်ရဲ့ အလှူ 

စတုဒီသာ ကျွေးမွေးခြင်းကို နံနက်(၉း၀၀)နာရီကနေ စတင်မှာ ဖြစ်တယ်လို့ ခင်လှိုင်က ပြောထားပါသေးတယ်။ခင်လှိုင်ရဲ့ အိမ်လိပ်စာက (၁၃/၆)မင်းဒင်(၁)လမ်း၊ ပေါ်ဆန်းမွေး၊ သုဝဏ္ဏပန်းခြံအနီးဖြစ်ပါတယ်။ သူ့တင်ထားတဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေက လာခဲ့မယ် ဆိုပြီး တော့ ကောမန့်တွေရေးထားတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ခင်လှိုင်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက် ဆိုသလို လုပ်ကိုင်လျက်ရှိပါတယ်။

 

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က