AD
AD
AD

သရုပ်ဆောင် ခိုင်နှင်းဝေဟာ မြန်မာနိုင်ငံမှာ ခိုင်နှင်းဝေပရဟိတအသင်းကို တည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို အား သွန်ခွန်စိုက် လုပ်ကိုင်နေသူပါ။ အခုဆိုရင် ခိုင်နှင်းဝေကို ချစ်တဲ့ ပရိသတ်ကြောင့် ခိုင်နှင်းဝေပရဟိအသင်းက ထိုင်းနိုင်ငံမှာ ပါ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်နေပါပြီ။

play
Photo : ခိုင်နှင်းဝေ FB

 

သရုပ်ဆောင် ခိုင်နှင်းဝေဟာ လက်ရှိမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေပါတယ်။ ထိုင်းမှာရက်ရှည်နေထိုင်နေပြီး သူမရဲ့ အသင်းသားတွေနဲ့ တွေ့ဆုံကာ ပရဟိတအလုပ်တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ထိုင်းငံရောက် မြန်မာလုပ်သားတွေ ဖွဲ့စည်းထားတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာ ရှိတယ်လို့ သိရပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

"အဝေးကနေ ကျွန်မကိုချစ်တဲ့ မေတ္တာတရားတွေနဲ့ကြိုးစားပမ်းစား ပရဟိတတွေလုပ်နေရတဲ့ ကျမရဲ့ အသင်းကြီးကိုနွေးထွေးစွာ ရင်းနှီးမှုဖြင့် တွေ့ဆုံရင်း လက်ရှိကူညီနေတဲ့ အမျိုးသမီးလေး အမျိုးသားက ချစ်ဟန်ဆောင်ပြီး ပစ်ပြေးသွားတဲ့ မြန်မာအမျိုးသမီးလေး စိတ်ဓါတ်တွေ အရမ်းကျ အလုပ်လဲပြုတ်သွားတဲ့အတွက် ကျွန်မတို့အသင်းက နောက်အလုပ်တခုရအောင်ကြိုးစားပေးနေတဲ့ မိန်းကလေးလဲရှိတဲ့အတွက် ကျွန်မကိုယ်တိုင်သွားရောက်အားပေးဆုံးမစကားတွေပြောခဲ့ပါတယ်" လို့ သူမက ဇူလိုင် (၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာတွေ့ရပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

သူမရဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းက ပြုလုပ်တဲ့ ပရဟိတအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကိုလည်း ထိုင်းမှာရှိတဲ့ မြန်မာပြည် သူပြည်သား များက တက်ရောက်အားပေးခဲ့တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအနေနဲ့ ဒုက္ခရောက်နေသော မြန်မာပြည်သားတွေကို တစ်ဖက်တစ်လမ်းကနေပါဝင် ကူညီ လှူဒါန်း လိုပါက ထိုင်းနိုင်ငံခိုလမြို့ခိုင်နှင်းဝေပရဟိတအသင်းကိုယ်စားလှယ် ခေါင်းဆောင်များဆီ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းနဲ့ဆက်သွယ်လိုပါက  0949053787 (ကိုသိန်းတိုးအောင်)၊ ဦးအေဝမ်း---0634937126 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားခဲ့ဖူးပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD