ပဲခူးဘက်မှာလို့ သိရပါတယ်။

အလှမယ် ဟန်တီနဲ့ ထွန်းကိုကိုတို့ဟာ ရေကြီးနေတဲ့ ပဲခူးဘက်မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲတယ်လို့ သိရပါတယ်။ အလှမယ်လေး ဟန်တီက လတ်တလော ပရိဟတလုပ်ငန်းတွေ တော်တော်လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

 

အလှမယ် ဟန်တီနဲ့ ပရဟိတမင်းသားလေး ထွန်းကိုကိုတို့က ဒီနေ့(ဇူလိုင်၂၈ရက်)မှာ ရေကြီးနေတဲ့ ပဲခူးမြို့မှာ လိုအပ်တာတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပဲခူးဘက်မှာ ရေကြီးနေတဲ့ နေရာတွေကို သရုပ်ဆောင် ထွန်းကိုကိုရဲ့ ပရဟိတအသင်းအဖွဲ့နဲ့အတူ အလှမယ် ဟန်တီပါ လိုက်ပါပြီး လိုအပ်တာတွေ လုပ်အားပေးခဲ့တာပါ။

"ပဲခူးရေတွေကြီးနေတဲ့နေရာမှာဒီလိုလုပ်အားတွေသွားပေးကြပါတယ်။" ဆိုပြီး ဟန်တီရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၂၈ရက်)က ရေးသားထားတာတွေ့ရပါတယ်။

အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ ဟန်တီနဲ့ ထွန်းကိုကိုတို့ရဲ့ အလှူပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိတွေ ဖြစ်နေကြပါတယ်။ထွန်းကိုကိုဟာ လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းများကိုလည်း အားတတ်သရော ပါဝင်လုပ်ကိုင်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ Asia model award ကို ဒုတိယအကြိမ် ရရှိဖူးခဲ့သူဖြစ်ပြီး  2013 Asia Model Festival FACE of ASIA တုန်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပထမဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

 

အလှမယ် ဟန်တီကတော့ မကြာခင်ကမှ Miss Myanmar World 2018 ရဲ့ Crown ကို ပူပူနွေးနွေးလေး ရရှိထားသူ ဖြစ်ပါတယ်။ သူမဟာ ယခင်ကတည်းက ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်တတ်သူ တစ်ဦးဖြစ်သလို ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း ပရဟိတအလုပ်တွေကို အားသွန်ခွန် စိုက် လုပ်ကိုင်လာသူ တစ်ဦးဖြစ်ပါတယ်။

သူမရရှိထားတဲ့ ဆုကြေးငွေတွေကိုလည်း ဘဏ်အကောင့်သီးသန့်ဖွင့်ထားပြီး နောက်ပိုင်းမှာ ပြုလုပ်မယ့် ပရဟိတလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

မကြာခင် Miss World ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရတော့မယ့် မြန်မာကိုယ်စားပြု ဟန်တီဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ သွားရောက် ယှဉ်ပြိုင် တဲ့အခါမှာလည်း သူမကို ဆက်ပြီးအားပေးကြပါဦးလို့ဆိုပါတယ်။ မြန်မာကို ကမ္ဘာက သိအောင် အကုန်လုံးအတူတူ လုပ်ဆောင် ချင် ပါတယ်တဲ့။

ဟန်သီတစ်ယောက်တည်းနဲ့လည်း မပြည့်စုံတဲ့အတွက် ပရိသတ်တွေရဲ့ အင်တာတွေ အများကြီးလိုအပ်တာ ကြောင့်ပရိသတ်တွေ ဆက်လက်ပြီး အားပေးကြပါဦးလို့ သူမက ပြောပြထားပါသေးတယ်။

 

အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က