AD
AD
AD

Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မိုင်မိုင်ဆိုင်းက သူမနဲ့ ငွေဇင်လှိုင်းမှာ တူတဲ့အချက်လေးတွေ ရှိတယ်လို့ ဆိုပါ တယ်။Myanmar Idol ကြောင့်သာ ငွေဇင်လှိုင်းဟာ သူမရဲ့ ဂျူနီယာတစ်ယောက်ဖြစ်ပေမယ့် အပြင်လောကမှာတော့ ငွေဇင်လှိုင်းကို တခြားအဆိုတော်ကြီးတွေလိုပဲ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသားပါလို့ မိုင်မိုင်ဆိုင်းက ဆိုပါတယ်။

play
Photo : မိုင်မိုင်ဆိုင်း FB

 

Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မိုင်မိုင်ဆိုင်းက သူမနဲ့ ငွေဇင်လှိုင်းမှာ တူတဲ့အချက်လေးတွေ ရှိတယ်လို့ ဆိုပါ တယ်။ Voting No (4) ချင်းလည်း တူသလို ပြုတ်သွားတဲ့ အဆင့် Top 4 ချင်းလည်းတူတယ်လို့ မိုင်မိုင်းဆိုင်းက ပြောပါတယ်။ နောက်ထပ် တူတာရှိပါသေးတယ်။ အဲ့ဒါကတော့ သူတို့နှစ်ယောက်စလုံး ကိတ်တာချင်းလည်း တူတယ်ဆိုပြီး မိုင်မိုင်ဆိုင်းက ပြောထားတာတွေ့ရပါတယ်။

"Voting No 4 ချင်းလည်းတူတယ် ပြုတ်သွားတဲ့အဆင့် Top 4 ချင်းလည်းတူတယ် ကိတ်တာချင်းလည်းတူတယ်။ အယ်!ရုပ်လေးကလည်း ခပ်ဆင်ဆင် ဟီဟီ   တော်တော်များများကိုတိုက်တိုက်ဆိုင်ဆိုင်တူတာ.." ဆိုပြီး ဇူလိုင် (၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာပါ။

play
Photo : မိုင်မိုင်ဆိုင်း FB

 

တူတဲ့အချက်လေးတွေကိုပြောပြထားသလို မတူတာလေးကိုလည်း ပြောပြထားသလို ငွေဇင်လှိုင်းကိုလည်း မိုင်မိုင်ဆိုင်းက ချီးကျူးစကား ဆိုထားပါသေးတယ်။

"မတူတာက ငမိုင်က Rock လောက်ဘဲအားသန်တယ်..music အကြောင်းလည်းအဲ့လောက်နားမလည်ဘူး..ဖြစ်ချင်စိတ်ကြီးတာ ရူးသွပ်တာ ဘဲသိတယ်။ ဟီဟီ   Top 4 ရောက်တာ ကံကောင်း ။ငွေဇင်က သိပ်ကိုတော်ပါတယ် ဘယ်သီချင်းကိုမဆို သူ့သီချင်းဖြစ်အောင်လုပ်နိုင်တယ်..ဒီထက်မကအဆင့်တက်ဖို့အရည်အချင်းအများကြီးနဲ့ပြည့်စုံပါတယ်။ အသံကစားတာ mood တွေ expression တွေ အရမ်း professional ကျတယ် သီချင်းတိုင်းကိုဆိုနိုင်တယ်..." ဆိုပြီး ငွေဇင်လှိုင်းရဲ့ အားသာချက်ကို ပြောပြထားပါတယ်။

play
Photo : မိုင်မိုင်ဆိုင်း FB

 

Myanmar Idol ကြောင့်သာ ငွေဇင်လှိုင်းဟာ သူမရဲ့ ဂျူနီယာတစ်ယောက်ဖြစ်ပေမယ့် အပြင်လောကမှ တခြားအဆိုတော်ကြီးတွေလိုပဲ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသားပါလို့ မိုင်မိုင်ဆိုင်းက ဆိုပါတယ်။ ဒါကြောင့် ငွေဇင်လှိုင်းကို ဆက်လက်ကြိုးစားဖို့အတွက် မိုင်မိုင်းဆိုင်းက ပြောထားပါတယ်။

မိုင်မိုင်ဆိုင်းဟာ လက်ရှိမှာ ရှိုးပွဲတွေ သွားနေသလို သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ Myanmar Idol Season 2 ကနေ လူသိများလာခဲ့တဲ့ သူမဟာ ဂီတပိုင်းမှာ ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

play
Photo : Myanmar idol

 

အခုဆိုရင် Myanmar Idol Season 3 ကလည်း Top 3 အထိ ရောက်ရှိလို့သွားပါပြီ။ Top 3 ထဲမှာဆိုရင် ကျန်ရှိခဲ့တဲ့ ပြိုင်ပွဲဝင်တွေက ချမ်းမြေ့မောင်ချို၊ ဖြိုးမြတ်အောင်၊ ဇော်ကြီးတို့ ကျန်ရှိခဲ့တာဖြစ်ပြီး မကြာခင် ဖိုင်နယ် ပြိုင်ပွဲကြီးမှာ ဘယ်သူက Winner ဆုကို ရရှိမလဲဆိုတာ ရင်ခုန်စိတ်လှုပ်စရှားဖို့ ကောင်းနေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD