AD
AD
AD

သရုပ်ဆောင်၊ ဒေါက်တာမလေး အကယ်ဒမီပိုင်ဖြိုးသု တစ်ယောက် ဒီနေ့ မနက်မှာပဲ ရန်ကုန်တိုင်း ကျန်းမာရေး သံတမန် တစ်ဦးအဖြစ် ခန့် အပ်ခြင်း ခံခဲ့ရပါတယ်။ သူမဟာ အနုပညာအပိုင်းမှာသာ မက ပညာရေးအပိုင်းမှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ် ။

play
Photo: Paing Phyo Thu Facebook Page

 

ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာပဲ ရန်ကုန်တိုင်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး သံတမန် တစ်ဦးအဖြစ် တာဝန် ထမ်း ဆောင် ရတော့မှာ ဖြစ်ပါတယ်။ အနုပညာမှာလည်း ထူးချွန်တဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို ဆေးပညာမှာလည်း ပါရမီထူးချွန်တဲ့ သူလေး ဖြစ်ပါတယ်။

'' "ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်" ခန့်အပ်ပွဲ ပေးအပ်သမျှတာဝန်များကိုကျေပွန်စွာထမ်းဆောင်ပါမည်'' ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် Facebook Page ကနေ ဇူလိုင် ၂၉ ရက်နေ့ မနက် ၉ နာရီ ၂၈  မိနစ်က ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေကို လည်း တင်ခဲ့ပါသေးတယ်။

play
Photo: Paing Phyo Thu Facebook Page

 

ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

play
Photo: Paing Phyo Thu Facebook Page

''ဆရာဝန်အဖြစ်အသက်မမွေးမိသော်လည်း ဆေးကျောင်းတောက်လျှောက်စာသင်ပေးခဲ့သောဆရာဆရာမများ၏ကျေးဇူးနှင့်အနုပညာသမား ဘဝမှာ အားပေးပေးကြသောပရိတ်သတ်များ၏ကျေးဇူးကိုမှန်ကန်သောကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းဖြင့်ဆပ်ပါမည်'' ဆို ပြီးတော့ ဇူလိုင်လ ၂၉ရက်နေ့ မနက် ၉နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း ရေးတင်ခဲ့ပါသေးတယ်။

ပိုင်ဖြိုးသုဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက် ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်း ပိုင်ဖြိုးသု က ဆွတ်ခူး နိုင်ခဲ့ပါတယ်။

play
Photo: Paing Phyo Thu Facebook Page

 

ပိုင်ဖြိုးသု က ဇွန်လအတွင်းမှာ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေပြိလို့ သိရပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်ရိုက်ဖို့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD