AD
AD
AD

ခိုင်နှင်းဝေတစ်ယောက် ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတကုသိုလ်ရေးတွေ ဆောင်ရွက်ခဲ့ ရလို့ ဝမ်းသာ ပီတိဖြစ်လို့နေပါတယ်။ အခက်အခဲမျိုးစုံကြားက စေတနာသဒ္ဒါတရားတွေထက်သန်မှုတွေကြောင့် ဝမ်းသာရတယ် လို့ ဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

သရုပ်ဆောင် ခိုင်နှင်းဝေဟာ လက်ရှိမှာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ပရဟိတအသင်းသားတွေနဲ့ တွေ့ဆုံကာ ပရဟိတကုသိုလ်အလုပ်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ဖွဲ့စည်းထားတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာ ရှိတယ်လို့ သိရပါတယ်။

'' ဘာသာတရား ကိုင်းရှိုင်းကြသော ကျမတို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဝါဆိုသင်္ကန်းကပ်အလှူတွေမှာ ကုသိုလ်တွေတူတူပြုရင်း ကျွန်မ ကို ချစ်ကြတဲ့အတွက်လည်း အရမ်းဝမ်းသာရသလို တခြားနိုင်ငံမှာ ဘဝရပ်တည်မှုအတွက် အခက်အခဲမျိုးစုံ နဲ့ အလုပ်လုပ်နေကြရတဲ့သူတွေ ဘယ်လိုပဲ ခက်ခဲနေပါစေ စေတနာသဒ္ဒါတရား ထက်သန် မှုတွေအတွက် ဝမ်းသာရပါတယ်'' လို့ ဆိုပါတယ်။

 

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေက ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေ အတူတူလုပ်ရင်း အသင်းသားတွေအပေါ် ခွန်အားတွေ မျှဝေခဲ့ပါတယ်တဲ့။ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတအသင်းသားတွေဆီကလည်း  အတုယူစရာတွေလည်း ရရှိခဲ့တဲ့အကြောင်း ဇူလိုင်လ ၂၉  ရက်နေ့ နေ့လည် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။

''ကျွန်မထိုင်းနိုင်ငံထိ လာရောက်ပြီး လဲကျသူများကို ပြန်ထနိုင်အောင် ပရဟိတ စိတ်ဓာတ်နဲ့ လာရောက်ကူညီအားပေးရင်း ထိုင်းနိုင်ငံ မှာရှိတဲ့ ပရဟိတ အသင်းများ ကိုလဲ အထူးကျေးဇူးတင်မိပါတယ်။ ပရဟိတအသင်းများရဲ့ ဖိတ်ခေါ်ပြီး အချင်းချင်းရိုင်းပင်းကူညီစွာနဲ့ အားပေး အားယူတွေပြုရပါတယ်'' လို့ သူကဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားခဲ့ဖူးပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD