အရမ်းတွေ မိုက်သွားပြီ။

မိုးယံဇွန်ရဲ့ ပုံစံပျက်နေပြီဆိုတဲ့ ခန္ဓာကိုယ် ဝဝကြီးကို တစ်လအတွင်း အမိုက်စားခန္ဓာကိုယ်ဖြစ်စေဖို့ သရုပ်ဆောင်ထူးအောင် နဲ့ အလောင်း အစားလုပ်ခဲ့ပါတယ်တဲ့။



Photo: Moe Yan Zun Fb

 

ပုံစံပျက်နေပြီဆိုတဲ့ မိုးယံဇွန်ရဲ့ ခန္ဓာကိုယ် ဝဝကြီးကို တစ်လအတွင်း အမိုက်စားခန္ဓာကိုယ်ဖြစ်စေဖို့ သရုပ်ဆောင်ထူးအောင် နဲ့ အလောင်း အစားလုပ်ရင်း Gym ကို ပုံမှန်ဆော့ဖြစ်ခဲ့တယ်တဲ့။ အရင်က ခန္ဓာကိုယ်နဲ့ အခုလက်ရှိ ခန္ဓာကိုယ် အချိုးအစားကိုယှဉ်တွဲထားတဲ့ ဓာတ်ပုံလေးနဲ့ ပရိသတ်ကို ပြောပြလာပါတယ်။

'' အားလုံးမင်္ဂလာပါ။ gym မဆော့ဖြစ်လို့ body ကပုံပျက်သွားတာ လိုချင်တဲ့ muscle type ကို gym မှာ Htoo Aung နဲ့ အလောင်းအစား လုပ်ပြီး ရက်၃၀ အတွင်း အပြင်းစားလေ့ကျင့်ခန်းနဲ့သူရှောင်ခိုင်းတာတွေရှောင်လိုက်ရတာ အခုတော့ #narzbambam အဲလိုတွေဖြစ်သွားပြီ 

ဘယ်လိုလဲ'' ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ ည ၁၁နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Moe Yan Zun Fb

 

မိုးယံဇွန်ဟာ အနုပညာသက်တမ်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ အနုပညာအလုပ်လုပ်နေစဉ်အတွင်းမှာလည်း ကိုယ်ရေး ကိုယ်တာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါသေးတယ်။ ဒီအတိုက်အခိုက်တွေကြားကပဲ အနုပညာအလုပ် တွေ ပိုကောင်းအောင် ကြိုးစားနေတယ်လို့Duwun Mediaအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး သို့လော သို့လောပဲ ကောင်းပါတယ်ဆိုတဲ့ မိုးယံဇွန်  

အခုချိန်မှာတော့ မိုးယံဇွန်က အနုပညာအလုပ်တွေကို အရင်ကထက်ပို ကြိုးစားနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်း တွဲ တွေလည်း ရိုက်ကူးနေရပါပြီ။ မကြာသေးခင်ကလည်း ဒါရိုက်တာစတီးလ် ရိုက်ကူးတဲ့ နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်ပါတယ်။

Photo: Moe Yan Zun Fb

 

သရုပ်ဆောင်အပိုင်းမှာ ရဲကာရိုက်တာ အဖြစ် ပရိသတ်အတွေ့များခဲ့တဲ့ မိုးယံဇွန်က ထူးထူးခြားခြားဖြစ်စေမယ့် ကာရိုက်တာလေးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီကာရိုက်တာလေးတွေကလည်း ပရိသတ်မြင်ဖူးနေကြ တစ်ခုမဟုတ်သလို သူကိုယ်တိုင် လည်း ပြောင်းလဲသွားခဲ့တဲ့ ကာရိုက်တာတွေရိုက်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က