ပြည်သူချစ် အနုပညာ ရှင်တွေလည်း ပါဝင်ကူညီလို့နေပါပြီ။

မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲက ပတ်သက်ပြီး အစိုးရနဲ့ အတူ ပရဟိတအသင်းအဖွဲ့များ အနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူချစ် အနုပညာရှင်တွေ လည်း ပါဝင်ကူညီလို့နေပါပြီ။

Photo : မောင်မျိုးမင်း(ရင်တွင်းဖြစ်)

 

မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲက ပတ်သက်ပြီး အစိုးရနဲ့ အတူ ပရဟိတအသင်းအဖွဲ့များအနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူချစ် အနုပညာရှင်တွေ လည်း ပါဝင်ကူညီလို့နေပါပြီ။

သြဂုတ်(၁) ရက်နေ့ကလည်း CB -KMA ဖောင်ဒေးရှင်းနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ကျော်ကျော်ဗိုလ် ၊ ရဲလေး၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့ အပြင် အခြားသော အနုပညာရှင်များ ပါဝင်ပြီး သထုံမြို့နယ်မှာ ရှိတဲ့ ရေဘေးကြီးကြပ်ကွပ်ကဲရေး ရုံးသို့ လိုအပ်တဲ့ ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။

ရေဘေးအတွက် ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းလိုက်တဲ့ ဝေဠုကျော် 

သူတို့လိုပဲ နောက်ထပ်အနုပညာရှင်တွေဖြစ်ကြပြီး ပရဟိမင်းသမီးလေးတွေ ဖြစ်ကြတဲ့ အလှမယ် ဇွန်သံစဉ်နဲ့ ခင်ဝင့်ဝါတို့လည်း ပဲခူးတိုင်း ဒေသကြီး ဘက်သို့ သွားရောက်ကူညီနေတာ တွေ့ရပါတယ်။ သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ အလှမယ် ဇွန်သံစဉ်တို့ နှစ်ဦးက သြဂုတ်လ(၁) ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်အတွင်းမှာရှိတဲ့ကွမ်ပေါင်ကျေးရွာနဲ့ သောင်ကြီးကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါနဲ့ ဇွန်သံစဉ်တို့ဟာ Online Donation Group နဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်ပြီး ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေကြသလို အနုပညာ ရှင်တွေလည်းပါဝင်ကူညီလျက်ရှိတာ တွေ့ရပါတယ်။

 

ကရင်ပြည်နယ်ဘက်မှာ ရှိတဲ့ ရေကြီးတဲ့ နေရာတချို့ကိုလည်း ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့အတူ ကိုလူချောအဖွဲ့ဝင်များ သွားရောက်လှူဒါန်း နေကြသလို အောင်သော် ဦးစီးတဲ့ ပရဟိတအသင်းဟာလည်းလည်း မြိုင်ကလေးရေဘေးသင့် ပြည်သူများသို့ သွား ရောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

ပြည်သူတွေအတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေတဲ့ သရုပ်ဆောင် ဝေဠုကျော်က ယခုလက်ရှိ ကရင်ပြည်နယ်မှာ ရှိတဲ့ ရေဘေးသင့် ပြည်သူ တွေဆီ သွားရောက်ကူညီနေတာတွေ့ရပါတယ်။ကရင်ပြည်နယ်မှာ ရှိတဲ့ ရေနစ်မြှစ်နေတဲ့ ရွာများကို ကူညီထောက်ပံ့နေရင်းနဲ့ လိုအပ်ချက် တွေ အများကြီး ရှိနေသေးတာကြောင့် ရေဘေးအတွက် ဝိုင်းဝန်းကူညီဖို့အတွက် ဝေဠုကျော်က တိုက်တွန်းထားပါသေးတယ်။

 

"ကရင်ပြည်နယ်မှာရှိတဲ့  ရေကြီးရေလျှံနေအတွက် ကြုံတွေ့နေတဲ့ ဒုက္ခတွေကို ပြည်နယ်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ  ပူးပေါင်းပြီးတော့ ပါဝင်ကူညီပေးနေပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။   အခုလောလောဆယ်တော့ အသင့်စားဖြစ်တဲ့ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်၊ အသင့်စားဖြစ်တဲ့ မုန့်၊ အချိုရည်ဗူးတွေ လိုအပ်သလို ဆန်လည်း လိုအပ်နေပါတယ်။ အလှူရှင်တွေအနေနဲ့ လှူဒါန်းချင်ရင် ပြည်နယ် အစိုးရကိုတိုက်ရိုက် လှူဒါန်းလို့ ရသလို ကျွန်တော့်ဖောင်ဒေးရှင့်ကတစ်ဆင့်လည်း  ကျွန်တော်လှူပေးပါ့မယ်။" လို့ ဝေဠုကျော်ဖောင်ဒေးရှင်း မှာ တင်ထားတဲ့ ဗီဒီယို ဖိုင်ထဲကနေ ပရိသတ်တွေအတွက် ပြောထားတာပါ။

လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကြောင့် ပြည်နယ်အစိုးရတွေကို အားလုံးဝိုင်းကူညီပြီး အဆင်ပြေတဲ့ နေရာကနေ လှူပေးကြဖို့ ပြောထားပါသေးတယ်။ ပြည်သူအားလုံး ဝိုင်းကူမယ်ဆိုရင် ဒုက္ခရောက်တဲ့ သူတွေအတွက် အမြန်ဆုံး အဆင်ပြေသွားနိုင်မှာပါလို့ ဆိုပါတယ်။

Share

Loading Next Article...
က္က