ဘယ်လိုဘဝက စခဲ့သလဲဆိုတာကို ပြန်သွားကြည့်ဖြစ်တယ်။

စမိုင်းလ်တို့ မိသားစုကတော့ အင်္ဂလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီလို ရောက်ရှိနေချိန်မှာလည်း အခုလို ချမ်းချမ်း သာသာ နေရဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ရသလဲ ဆိုတာကိုလည်း သူတို့ရဲ့ သမီးလေးတွေ သိအောင် လိုက်လံပြသပေးနေတယ်လို့ ဆိုပါတယ်။


Photo: Smile Facebook

 

သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုက အခုဆိုရင် အင်္ဂလန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်ကို ရောက်ရှိနေတုန်း မှာလည်း တစ်ချိန်တုန်းက သန့်ရှင်းရေးဘဝကနေစပြီး ကြိုးစားရုန်းကန်ခဲ့ရတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက သူတို့ အလုပ်လုပ်ခဲ့ဖူးတဲ့ နေရာတွေ ကို သမီးလေးတွေ သိအောင် သွားရောက်ပြသခဲ့တယ်လို့ သိရပါတယ်။

'' ဘဝမမေ့အောင် အမြဲ ကိုယ်ဘယ်ဘဝကစခဲ့တယ် ဆိုတာသိအောင်ပြန်သွားကြည့် သမီးတွေကိုရှင်းပြ လူတွေထင်နေတဲ့ အရမ်း ချမ်းသာ တယ် ဆိုတာမဖြစ်ခင် ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာလေး ကြုံတုန်းကလေးတွေကိုပါပြော။ Showsec ဆိုတဲ့ security အလုပ်မှာ ကျမတို့ လင်မယား အတူတူလုပ်ခဲ့ဖူးတယ်'' လို့ ဆိုပါတယ်။

Photo: Smile Facebook

 

McDonald’s မှာ တစ်နေကုန် မတ်တပ်ရပ်၊ လူတွေ မေးသမျှ ပြန်ဖြေနေရတဲ့ ဘဝ၊ ကျောင်းတက်နေရင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်ခဲ့ရတဲ့ ခင်ပွန်းဖြစ်သူရဲ့ အမှတ်တရတွေကိုလည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

''တနေကုန် မတ်တပ်ရပ်လူတွေမေးသမျှဖြေ McDonald’s မှာ မောင် စရောက်ရောက်ချင်းကျောင်းသားဆိုတော့ဘာမှမလုပ်တတ် part time ခန့်တဲ့ဒီဆိုင်မှာလုပ်ရတယ် ကြမ်းတိုက် အမှိုက်ပြစ် အိမ်သာဆေးကအစလုပ်ရတယ်'' ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ညနေ ၂ နာရီကျော် လောက်က စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Smile Facebook

ခင်ပွန်းဖြစ်သူ လိမ္မာလို့ စိတ်ရောလူရော ချမ်းသာနေရတဲ့ စမိုင်းလ် 

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ရတဲ့ သရုပ်ဆောင်စမိုင်းလ် တို့ ဇနီးမောင်နှံဟာ အင်္ဂလန်နိုင်ငံမှာနေထိုင်ရင်း ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲနဲ့ အလုပ်တွေကြိုးစားခဲ့ရတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီလို ဒုက္ခတွေကြားကမှ ဘုရား၊ တရား မမေ့ခဲ့လို့ အခုလို ချမ်းသာလာရတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Smile Facebook

 

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်းအများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင်တော့ သစ္စာရှိတတ်ပြီး နားလည်မှုအပြည့်အဝပေးထားတဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူ ချစ်စရာကောင်း တဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က