AD
AD
AD

ခိုင်နှင်းဝေဟာ ရေဘေးသင့်ဒဏ်ခံနေရတဲ့ နေရာဒေသတွေအတွက် အဆက်မပြတ်အလှူအတန်းတွေ ပြုလုပ်လို့နေပါတယ်။ ဒီနေ့မှာ လည်း ကရင်ပြည်နယ်ဘားအံမြို့မှာရှိတဲ့ရေဘေးသင့်နေရာဒေသတွေမှာ အလှူအတန်းတွေသွားလုပ်မယ်လို့လည်း သူကဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ပရဟိတမင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေဟာ သူဦးဆောင်တဲ့ ခိုင်နှင်းဝေပရဟိတအသင်းသားတွေနဲ့အတူ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့အတွင်းမှာရှိတဲ့ရေဘေးသင့်နေရာဒေသတွေမှာ အလှူအတန်းတွေ သွားလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

'' ဘားအံမြို့ နတ်ကျွန်းရွာ အိမ်ခြေ (၁၇၀)ရှိပြီး အလှူရှင်မရောက်သေးတဲ့နေရာဖြစ်ပါတယ်။ ရန်ကုန်ကနေ မနက် ၄ နာရီ စထွက်ပါ့မယ်။
ခိုင်နှင်းဝေပရဟိတအသင်း 09250274324,09420124618'' ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့ည ၈ နာရီက ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

သြဂုတ်လ ၄ ရက်နေ့တုန်းကလည်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့မှာရှိတဲ့ ရေဘေးသင့်ဒဏ် ခံနေရတဲ့ အိမ်ခြေ ၁၄၂ အိမ်အတွက် ငွေသား ၁၀ သိန်းကို လှူဒါန်းခဲ့တဲ့အပြင် အသက်ကြီး အဘိုးအဘွားတွေအတွက်ကိုလည်း ဆေးကုသစားရိတ်များ ထပ်မံလှူဒါန်းခဲ့တဲ့အကြောင်း သြဂုတ်လ ၄ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

'' ပဲခူးတိုင်း ဒိုက်ဦး သုံးခွ မှာ ရေဘေးဒဏ်ခံရတဲ့ ပြည်သူများကို အိမ်ထောင်စု ၁၄၂ အိမ်အတွက် ငွေသား (၁၀) သိန်းကို လှူဒန်းခဲ့ပါတယ်။ ရေဘေးဒဏ်ခံရတဲ့အိမ်ထောင်စုများအပြင် သက်ကြီးအဖွားများအတွက်ဆေးကုသစရိတ်များကိုလည်းလှူဒါန်းခဲ့ပါတယ် ကုသိုလ် ကောင်းမှု အစုစုတို့ကို အလှူ့ရှင်များနဲ့တကွ ၃၁ဘုံရှိ သတ္တဝါအားလုံးတို့ကို အမျှပေးဝေပါတယ်. သာဓုခေါ်ဆိုကြပါရှင်'' လို့ဆိုပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီးနောက် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

play
Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

 

ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေရဲ့ ပရိသတ်တွေတည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့  ပြည်ပမှာ ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ချက်ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD