ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။

အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူ အတန်း တွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ သြဂုတ်လ ၇ ရက်နေ့မှာလည်း Online Donation Group ပရဟိတအဖွဲ့ နဲ့လက်တွဲ ပြီး သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

အလှမယ်ခင်ဝင့်ဝါတစ်ယောက် ဘားအံမြို့နဲ့ သထုံမြို့တွေကြားမှာရှိတဲ့ ရေဘေးသင့်ကျေးရွာငယ်လေးတွေအတွက် အလှူအတန်းတွေ သွား လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီဘက်မှာလည်း ကယ်ဆယ်ရေးစခန်းပေါင်း ၉ ခုရှိပြီး အိမ်ထောင်စု ၁၅၀၀ ခန့် မှီခိုနေရတဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။

'' လက်ရှိ အခြေအနေအရ ဘားအံနဲ့ သထုံကြားက မြိုင်ကလေးမှာလည်း ကယ်ဆယ်ရေးစခန်း ပေါင်း ၉ စခန်းလောက်ရှိနေပြီး အိမ်ထောင်စု ၁၅၀၀ ခန့် ရေဘေးရှောင် မှီခို လျက်ရှိနေပြီး အတွင်းရွာတွေမှာ ခန့်မှန်းခြေ ရွာ ၃ရွာ အိမ်ထောင်စု ၇၀၀ခန့် ဆန် ဆီ ဆား အသင့်စား သုံးကုန်များ အခြောက်အခြမ်း လုံလောက်မှုမရှိဘူး'' လို့ သူကပြောပါတယ်။

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

ဝိုင်းလေးသတင်းကြောင့် ရူးမတက်စိတ်ပူခဲ့ရတဲ့ ခင်ဝင့်ဝါ 

အလှမယ်ခင်ဝင့်ဝါဟာ Online Donation Group ပရဟိတအဖွဲ့နဲ့လက်တွဲပြီး ရေဘေးဒဏ်သင့်နေတဲ့ ကျေးရွာတွင်းက ပြည်သူတွေအတွက် သြဂုတ်လ ၇ ရက်နေ့က စပြီးသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

''Online Donation Group မှ စေတနာရှင်များနှင့်လက်တွဲပြီး ၇ရက်နေ့တွင် သွားရောက်ခါ လိုအပ်သည့် ပစ္စည်းများသွားရောက် လှူဒါန်း မည်ဖြစ်ပါသောကြောင့် အလှူထည့်ဝင်လိုသော စေတနာရှင်များ ဆက်သွယ်လှူဒါန်းပေးစေလိုပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ခင်ဝင့်ဝါရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

ဒီ အလှူနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက အလှူငွေ ၁ သိန်း၊ ပိုင်တံခွန်က အလှူငွေ ၁ သိန်း၊ ည မင်းသမီးချောလေး Nang Tracy  က ၅ သောင်း၊ အဆိုတော်နွေးနွေးချစ်ဖွယ်က ၅ သောင်းကျပ်စီလှူဒါန်းခဲ့ကြပြီး အခြားအနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများရဲ့ လှူဒါန်းငွေအဖြစ် ၂၅ သိန်း ၅ သောင်း၊ လှူဒါန်းငွေအားလုံး စုစုပေါင်း ၅၅သိန်း ကျပ် ရရှိထားတယ်လို့ သိရပါတယ်။

Photo: ခင်ဝင့်ဝါဖေ့စ်ဘွတ်

 

ခင်ဝင့်ဝါဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်လို့လာပါတယ်။ လက်ရှိမှာလည်း Miss Myanmar Charity Group ဆိုတဲ့ ပရဟိတအဖွဲ့နဲ့အတူတူလည်း အလှူတွေလုပ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က