AD
AD
AD

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေဟာ လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ နေရာဒေသတချို့အတွက် လှူဒါန်းမှု တွေ လုပ်ဆောင် လျက်ရှိပါတယ်။ ဘားအံမြို့ နတ်ကျွန်းကျေးရွာမှာ ရေးကြီးနေတဲ့အတွက် သွားရောက်လှူဒါန်းခဲ့သလို ကလေး တွေနဲ့ လူကြီးတွေ ပျော်အောင်လို့လည်း သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်လို့ သိရပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ နေရာဒေသတချို့အတွက် လှူဒါန်းမှုတွေ လုပ်ဆောင် နေ တာ တွေ့ရပါတယ်။ အလှူအတန်းဆိုရင် အမြဲတမ်း လက်မနှေးတတ်တဲ့ သူမဟာ ဘားအံဘက်က ရေးကြီးတဲ့ နေရာတွေကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

"ဘားအံ နတ်ကျွန်းကျေးရွာမှာသွားလှူခဲ့ပါတယ်။ကျွန်မသွားတော့ ကလေးတွေရောလူကြီးတွေရော ပျော်နေကြတာတွေ့တော့စိတ်ချမ်းသာပြီး အမောကိုပြေသွားတာပဲ..ကျွန်မတို့တွေသွားတော့ သူတို့မှာမရှိရှိတာနဲ့ ဧည့်ခံရှာတယ်။ ရပါတယ် လွတ်လွတ်လပ်လပ်နေပါဆိုတာကိုမရဘူး..ကျွန်မအပြန်ရေလမ်းကနေ သဗ္ဗာန်စီးပြီးပြန်ရမှာကို ဝိုင်းစိတ်ပူနေကြရှာတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၆) ရက်နေ့ ရေးသား ထား တာတွေ့ရပါတယ်။

play
Photo : ခိုင်နှင်းဝေ FB


 

ဘားအံမြို့ နတ်ကျွန်းကျေးရွာမှာလည်း ရေးကြီးနေတဲ့အတွက် သွားရောက်လှူဒါန်းခဲ့သလို ကလေးတွေနဲ့ လူကြီးတွေ ပျော်အောင်လို့လည်း သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်လို့ သိရပါတယ်။

"ကျွန်မတို့က သီချင်းတွေဆိုပြတော့ ပျော်လို့ဆိုပြီး ကကြတယ်။ဘယ်လိုတွေပဲ စိတ်ဆင်းရဲစရာတွေနဲ့ ဒုက္ခတွေရောက်နေပါစေ ခနလေးအချိန် အတွင်းမှာ စိတ်ခွန်အားတွေ ပြောပေးပြီး သူတို့ ခနလောက်ပျော်ရွှင်ရယ်မောနိုင်စေခဲ့ပါတယ်။ကျွန်မ သူတို့ကြောင့် ကြည်နူးခဲ့ရပါတယ်။(၇)ရက်သားသမီးများရဲ့ အလှူဖြစ်လို့ ကျမဆီမှာ အလှူပူပေါင်းခဲ့သူများနှင့် ချစ်ပရိသတ်များ ဝမ်းသာကြည်နူး သာဓုခေါ်ကြပါရှင်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားထားပါတယ်။

play
Photo : ခိုင်နှင်းဝေ FB

 

ရေဘေးသင့် ပြည်သူတွေဆီ ခက်ခက်ခဲခဲသွားပြီး လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြ ပေးလိုက်တယ်နော်။ ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD