အမြန်လမ်းမှာ ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့တာပါ။

သရုပ်ဆောင် သာထက်ဉာဏ်ဇော်ဟာ ကွယ်လွန်သွားခဲ့တဲ့ မိခင်နဲ့ ညီလေးအကြောင်းကို တွေးရင်းစိတ်မကောင်း ဖြစ်လို့နေပါ တယ်။ မိခင်နဲ့ညီလေးကို ဆုံးရှုံးခဲ့ရတဲ့ သူ့အနေနဲ့ နောက်ထပ် ဘယ်အရာကိုမှ ထပ်အဆုံးရှုံး မခံနိုင်တော့ဘူး လို့  ဆိုပါတယ်။

Photo : သာထက်ဉာဏ်ဇော် FB

 

သရုပ်ဆောင် သာထက်ဉာဏ်ဇော်က အမြန်လမ်းမှာ ကားအက်စီးဒင့်ကြောင့် ကွယ်လွန်သွားခဲ့တဲ့ မိခင်နဲ့ ညီလေးရဲ့ အကြောင်းကိုတွေးရင်း စိတ်မကောင်းဖြစ်လို့နေပါတယ်။မိခင်နဲ့ညီလေးကို ဆုံးရှုံးခဲ့ရတဲ့ သူ့အနေနဲ့ နောက်ထပ် ဘယ်အရာကိုမှ ထပ်အဆုံးရှုံး မခံနိုင်တော့ဘူး လို့  ဆိုပါတယ်။

"ဘယ်တော့မှမမေ့ဘူး သထုံက ဖွားဖွားလည်း သားတို့လက်ပေါ်လေးမှာ ကွယ်လွန်ခဲ့တယ်။မေမေနဲ့သားငယ်လေးလည်း ကျွန်တော့်ရင်ခွင် လေးထဲမှာပဲ။ ကွယ်လွန်ခဲ့တယ် ဒါတွေကအဖြစ်အပျက်အစစ်တွေ ရင်ကွဲစရာ နှလုံးသားတွေ ..ဒီတော့ ကျွန်တော် ဘယ်အရာမှ ထပ်အဆုံး အရှုံးမခံနိုင်ဘူး" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၅) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

Photo : သာထက်ဉာဏ်ဇော် FB

 

သူ့အနေနဲ့ အခုချိန်မှာ လိုအပ်နေတာ အကူအညီတွေမဟုတ်ပါဘူးတဲ့။ သူ့ကို ယုံကြည်စွာပေးမယ့် အခွင့်အရေး မျိုးကိုပဲ  လိုချင်တယ်ဆိုပြီး တော့လည်း ပြောထားပါသေးတယ်။

"ကျွန်တော့်လိုအပ်နေတာ အကူအညီမဟုတ်ဘူး။ ယုံကြည်စွာပေးမယ့် အခွင့်အရေးမျိုးကိုပဲ ကျွန်တော်လိုအပ်တယ်။လူတော်တော်များများက ဘာလိုအပ်လဲလို့ အမြဲမေးတယ်။ အခုကျွန်တော်လိုအပ်တာပြောလိုက်ပြီ။ ကျွန်တော်လိုအပ်နေတာ ယုံကြည်စွာ မျက်စိစုံမှိတ်လာပေးမယ့် အခွင့်အရေး" ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : သာထက်ဉာဏ်ဇော် FB

ဖြစ်နိုင်ရင် ညီလေးနဲ့ နေရာချင်းလဲလိုက်ချင်တယ်ဆိုတဲ့ သာထက်ဉာဏ်ဇော် 

သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားရှိပေမယ့် သူ့မျက်စိရှေ့မှာတင် ဆုံးရှုံးခဲ့ရတဲ့ မိခင်နဲ့ ညီလေးကိုတော့ သူအခုထိ မမေ့နိုင်သေးပါဘူး။ သာထက်ဉာဏ်ဇော်ရဲ့ မိခင်နဲ့ညီလေးဖြစ်သူတို့ကို နေပြည်တော်နားမှာဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒင့်ကြောင့် ဆုံးရှုံးခဲ့ရတာပါ။၂၀၁၈ ခုနှစ် သင်္ကြန်အတွင်းမှာ သာထက်ဉာဏ်ဇော်ဟာ မန္တလေးက ပရိသတ်တွေနဲ့ အတူ ရှိနေခဲ့တာပါ။ သင်္ကြန်ပြီးလို့ ရန်ကုန်ကို ပြန်လာတဲ့အချိန် နေပြည်တော်နားမှာ အက်စီးဒင့်ဖြစ်သွားခဲ့တာပါ။

Photo : သာထက်ဉာဏ်ဇော် FB

 

ပရိသတ်တွေက သရုပ်ဆောင် သာထက်ဉာဏ်ဇော်အတွက် စိုးရိမ်နေကြသလို မိခင်နဲ့ညီလေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေကြသလို အနုပညာလောကထဲက သူငယ်ချင်းတွေကလည်း သာထက်ဉာဏ်ဇော်အတွက် ဝမ်းနည်းနေကြပါတယ်။

Share

Loading Next Article...
က္က