AD
AD
AD

သြဂုတ်လ ၇  ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် အကယ်ဒမီမြင့်မြတ်အတွက်ရော၊ မြင့်မြတ်ရဲ့ သားဦးလေး အတွက်ကိုပါ ခင်လှိုင်က အခုလို မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ခင်လှိုင်နဲ့ သရုပ်ဆောင်မြင့်မြတ်တို့ဟာ ခိုးဆိုးလုနှိုက် ရုပ်ရှင် ဇာတ်ကား ကြီးကနေစပြီး အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်အားပေးမှု ပိုမိုရရှိလာစေတဲ့ အနုပညာ ညီအစ်ကို နှစ်ဦးဖြစ်ပါတယ်။

play
Photo: Khain Hlaing Facebook

 

သြဂုတ်လ ၇  ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်အတွက်ရော၊ မြင့်မြတ်ရဲ့ သားဦးလေး အတွက်ကိုပါ သရုပ်ဆောင်ခင်လှိုင်က အခုလို မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ မြင့်မြတ်က သူ့ရဲ့ မွေးနေ့ အမှတ်တရအဖြစ် ပထမဆုံး ဖခင် တစ်ယောက် ရဲ့ ဘဝကို ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။

''ချစ်ညီလေးရဲ့ချစ်ဇနီးချောပေးတဲ့ မွေးနေ့လက်ဆောင်က သားဦးရတနာဖေဖေနဲ့မွေးနေ့ထပ်တူကြတဲ့ သားကောင်းရတနာလေးဖြစ်မှာ သေချာပါတယ်။ ပျော်ရွှင်ပါစေလို့ဆုတောင်းပေးစရာမလိုအောင်ပျော်ရွှင်နေမှာပါ။ ဒီလိုပျော်ရွှင်မှု့မျိုး တစ်ဘဝလုံးပိုင်ဆိုင်နိုင်ပါစေ။ ချစ်ညီလေးရေ'' ဆိုပြီးတော့ သရုပ်ဆောင်ခင်လှိုင်က ပြောပါတယ်။

play
Photo: Khain Hlaing Facebook

 

ညီအစ်ကိုအရင်းလို ချစ်ခင်ကြတဲ့ သရုပ်ဆောင်ခင်လှိုင်နဲ့ မြင့်မြတ်တို့ဟာ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတော်တော်များများရိုက်ကူး နေတာကိုတွေ့ရပါတယ်။ မြင့်မြတ်ကိုတော့ ရုပ်ရှင်လောကသားတွေသာမက ပရိသတ်များစွာတို့ကပါ သဘာဝမင်းသားတစ်ယောက်အဖြစ် အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

'' ဇာတ်လိုက်လို့ ချစ်စနိုးနဲ့ရုပ်ရှင်လောကသားများခေါ်ကြတဲ့ ချစ်ညီလေးမြင့်မြတ် ဒီနေ့မှာကျရောက်သော မွေးနေ့ကတော့ ချစ်ညီလေး ဘဝမှာ တွေ့ကြုံခဲ့ရတဲ့မွေးနေ့ပေါင်းများစွာထဲမှာပျော်စရာ အကောင်းဆုံးနဲ့ဘယ်တော့မှ မမေ့နိုင်တဲ့အမှတ်တရနေ့ကြီးပါ'' ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့ မနက် ၈ နာရီက ခင်လှိုင့်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: We Love Myint Myat Facebook

 

သရုပ်ဆောင်ခင်လှိုင်နဲ့ သရုပ်ဆောင်မြင့်မြတ်တို့ဟာ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်အားပေးမှု ပိုမိုရရှိလာစေတဲ့ အနုပညာညီအစ်ကို နှစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်တွဲပြီး အက်ရှင်ဇာတ်ကား တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်လျှက်ရှိပါတယ်။

play
Photo: Khain Hlaing Facebook

 

သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်က သြဂုတ်လ ၇ ရက်နေ့ သူ့ရဲ့ မွေးနေ့မှာပဲ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ရရှိပိုင်ဆိုင်သွား ပါပြီ။ သူ့အနေနဲ့ လိုချင်တဲ့ သားလေး ရလို့လည်း အရမ်းကိုပျော်ရွှင်နေရပါတယ်။ သားလေးရဲ့ ပုံတူကို တက်တူးထိုးဖို့အတွက် ပြင်ဆင်နေ တယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD