သြဂုတ်လ ၅ ရက်နေ့ကတော့ ဘုဏ်းသိုက်ရဲ့ မွေးနေ့ပါ။

သရုပ်ဆောင်ဒါရိုက်တာ ဘုဏ်းသိုက်က သြဂုတ်လ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ သူငယ်ချင်း၊ မိတ်ဆွေ တွေ ရဲ့ မွေးနေ့ဆုတောင်းတွေကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ ရှိပေမယ့် Messenger ချို့ယွင်းမှုကြောင့် Birthday wish တွေ ဖတ်လို့ မရခဲ့ဘူးလို့ သူကပြောပါတယ်။

Photo: Bhone Htike Facebook

 

သရုပ်ဆောင်ဒါရိုက်တာ ဘုဏ်းသိုက်က သြဂုတ်လ ၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ သူငယ်ချင်း၊ မိတ်ဆွေ၊ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းတွေကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်မကောင်းဖြစ်နေရတဲ့ မွေးနေ့ရှင်ကို ပျော်ရွှင်စရာဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ မိသားစုတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဘုဏ်းသိုက်က အခုလိုပြောပြခဲ့ပါတယ်။

'' အခါတိုင်းနှစ်တွေ နဲ့ မတူဘဲ ထူးထူးခြားခြား ညှိုးရော်နေခဲ့တဲ့ မွေးနေ့ရှင်ကို အခုလို လန်းလန်းဆန်းဆန်း ဖြစ်အောင်မေတ္တာဖြင့် ရေလောင်း ပေါင်းသင်ပေးကြတဲ့ အတွက်လည်း ကျွန်တော့် မိသားစုနှင့်တကွ သူငယ်ချင်းများကို ကျေးဇူးတင်ရပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Bhone Htike Facebook

 

ဘုဏ်းသိုက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေတဆင့် မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ ရှိပေမယ့် Messenger ချို့ယွင်းမှုကြောင့် Birthday wish တွေ ဖတ်လို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

''ကျွန်တော် တင်မက ကျွန်တော့် မက်ဆင်ဂျာပါ ချို့ယွင်းနေတဲ့ အတွက် ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်း စီ တိုင်းရဲ့ ဆုတောင်း တွေကို ဖတ်ခွင့်မရတဲ့ အပြင် ကျေးဇူးစကားဆိုခွင့်ပါ ဆုံးရှုံးခဲ့ပါတယ်။ ပျက်ကွက်မှုတွေအတွက် တောင်းပန်စကားဆိုရင်းအားလုံး ပေးတဲ့ ဆုလို မေတ္တာ တရားရဲ့ တုံ့ပြန်ခြင်းကိုပြန်လည် ခံစားရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်'' လို့ ဘုဏ်းသိုက်က ပြောပါတယ်။

Photo: Bhone Htike Facebook

ဒီအချိန်မှာ အနုပညာအလုပ်က ဘဝပဲ ဆိုတဲ့ ဘုဏ်းသိုက် 

ဘုဏ်းသိုက်ဟာ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ အဲ့ဒီ နောက် သရုပ်ဘက်ကို ကူးပြောင်းပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ကာ စာရေးဆရာတစ်ယောက်အဖြစ်နဲ့ပါ ကိုယ်ပိုင် စာအုပ် ထုတ်ဝေခဲ့ပါတယ်။ဘုဏ်းသိုက်ရဲ့ "လူငယ်နှင့်အိမ်မက်နိုင်ငံတော်" ဆိုတဲ့ စာအုပ်ကို ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တာပါ။

Photo: Bhone Htike Facebook

 

အခုလက်ရှိမှာတော့ ဘုဏ်းသိုက်က ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ပါ ၂၀၁၇ ခုနှစ်အတွင်းကစလို့ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည် နေပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဒါရိုက်တာတစ်ယောက်အဖြစ် ပုံဖော်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဘုဏ်းသိုက်ဟာ ဒါရိုက်တာ ပညာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miscro youth flim ပြိုင်ပွဲမှာ ပထမဆု ရရှိထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က