သားလေးကို သြဂုတ်လ ၅ ရက်နေ့က မွေးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်က သြဂုတ်လ ၈ ရက်နေ့(ဒီနေ့) မနက်မှာပဲ ရွာမပရိယတ္တိစာသင်တိုက်မှာ သူ့ရဲ့ မွေးနေ့ အမှတ် တရ အဖြစ် နဲ့ရော ပထမဦးဆုံးရင်သွေးလေးရဲ့ မွေးနေ့အမှတ်တရအဖြစ်အလှူအတန်းတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီ နောက် သူ့ရဲ့ သားဦးလေးရဲ့ ပုံတူကို တက်တူးထိုးဦးမယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။



Photo: Myat Wai Tun Facebook




သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်က သြဂုတ်လ ၈ ရက်နေ့(ဒီနေ့) မနက်မှာပဲ ရွာမပရိယတ္တိစာသင်တိုက်မှာ သူ့ရဲ့ မွေးနေ့ အမှတ်တရ အဖြစ် နဲ့ရော ပထမဦးဆုံးရင်သွေးလေးရဲ့ မွေးနေ့အမှတ်တရအဖြစ်အလှူအတန်းတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သားလေးကိုတော့ သြဂုတ်လ ၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မြင့်မြတ်ကတော့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

မြင့်မြတ်နဲ့ သားလေး အတွက် ခင်လှိုင်ရဲ့ မွေးနေ့ဆုတောင်း

 

'' ဖိုးဖိုးဦးမြင့်ကျော်၊ ဖွားဖွား ဒေါ်မိမိခိုင်တို့၏ မြေး၊ ဖေဖေ မောင်မြင့်မြတ်+ မေမေ မခင်သူဇာအောင် တို့ရဲ့ ချစ်လှစွာသော သားဦးရတနာ လေး ဂျူနီယာမြင့်မြတ် ရဲ့ မွေးနေ့ကုသိုလ်တော်'' ဆိုပြီးတော့ ရွာမပရိယတ္တိစာသင်တိုက်မှာ မိသားစုဝင်တွေနဲ့ အတူ နေ့ဆွမ်းဆပ်ကပ် လှူ ဒါန်းခဲ့တာကို Myat wai Tun (မြင့်မြတ် မန်နေဂျာ)ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၁၁ နာရီက တင်ခဲ့တာဖြစ်ပါတယ်။


Photo: Myat Wai Tun Facebook


သရုပ်ဆောင်မြင့်မြတ်ဟာ သူ့ရဲ့ သားဦးလေးရဲ့ ပုံတူကို တက်တူးထိုးဦးမယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ သူ့နဲ့ မွေးနေ့တူတဲ့ သားလေးကိုလည်း စောင့်မျှော်နေခဲ့ရတာ ကြာပြီဖြစ်ပါတယ်။ လိုချင်တဲ့ သားဦးလေးကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့်လည်း မြင့်မြတ် တစ်ယောက် အရမ်းကို ပျော်ရွှင်နေတာဖြစ်ပါတယ်။


Photo: Myat Wai Tun Facebook


မြင့်မြတ်ဟာ အချိန်ရရင် ရသလို ဇနီးဖြစ်သူနဲ့ သားလေးရဲ့ ရှေ့ရေးလေးတွေ တိုင်ပင်ဖြစ်တယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ကို ဘယ်လိုဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်ကိုလည်း သူ့ရဲ့ သားဦးလေးဂျူနီယာမြင့်မြတ်ကိုလည်း ချစ်ပေးကြဖို့ တောင်းဆိုထားပါသေးတယ်။


Photo: Myat Wai Tun Facebook


သရုပ်ဆောင် မြင့်မြတ်တစ်ယောက် သူ့ရဲ့ ဘဝထဲကို မွေးနေ့တူတဲ့ သားလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ အရမ်းကို ပျော်လို့နေပါ တယ်။ မြင့်မြတ်ရဲ့ သားလေးကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က