ကိုကိုထွန်းထွန်းကို အားကျမိပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ ထွန်းထွန်းက ဒီနေ့ (သြဂုတ်လ၉ရက်) မှာ ချစ်သူ ကောင်မလေးနဲ့ ချစ်သူသက်တမ်းရက်( ၄၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ငါးစာကျွေး ကုသိုလ်ယူဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းထွန်းဟာ အခုနောက်ပိုင်းမှာ ကောင်မလေးနဲ့အတူ တွဲရိုက်တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြသလာ တယ်လို့ ဆိုရမှာ ပါပဲ။

 

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ ထွန်းထွန်းက ဒီနေ့ (သြဂုတ်လ၉ရက်) မှာ ချစ်သူကောင်မလေးနဲ့ ချစ်သူသက်တမ်းရက်( ၄၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ငါးစာကျွေး ကုသိုလ်ယူဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အကယ်ဒမီ ဆုရရှိပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးရလာတဲ့ ထွန်းထွန်းဟာ လက်ရှိမှာ ချစ်သူချောချောလေး တစ်ယောက်ကို လည်း ပိုင်ဆိုင်ထားသူပါ။

Photo : စုစန္ဒီဦး FB

 

ထွန်းထွန်းဟာ အခုနောက်ပိုင်းမှာ ကောင်မလေးနဲ့အတူ တွဲရိုက်တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြသလာတယ်လို့ ဆိုရမှာ ပါပဲ။ သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့ကနေ အမြဲတမ်း ပြောပြလေ့ရှိတဲ့ ထွန်းထွန်းဟာ အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ အချစ်ရေး ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။

"ကျွန်တော့်အချစ်ရေးက အများကြီး ပြောပြနေစရာမလိုတော့ပါဘူး။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ကိုသာ Follower လုပ်ထားပါ။ အဲ့ဒီမှာ အားလုံးကို ပွင့်ပွင့်လင်းလင်းသိရပါမယ်။အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တို့ စိတ်အနေအထားတို့ဆိုတာ အသက်အရွယ် အလိုက်တော့ လူတိုင်းပြောင်းလဲတာပဲဆိုတော့ ကျွန်တော်လည်း လူထဲက လူဖြစ်တဲ့အတွက်တော့ ပိုပြီးတော့ တည်ငြိမ်ရင့်ကျက်ချင်လာတယ်။ ပိုပြီးတော့ တည်ငြိမ်ချင်တယ်။ အလုပ်ဆိုလည်း အရင်တုန်းကလို မျိုးကလေးလို မလုပ်တော့ဘူး။ " လို့ ထွန်းထွန်းက Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ထွန်းထွန်း IG

အခုဆိုရင် ထွန်းထွန်းနဲ့ သူရဲ့ ချစ်သူကောင်မလေးတို့ရဲ့ ချစ်သူသက်တမ်းက ရက်(၄၀၀) ပြည့်သွားပါပြီ။ ချစ်သူကောင်မလေးနဲ့ ချစ်သူစဖြစ် တဲ့ နေ့ကစပြီး တစ်ရက်မှ အဆက်အသွယ် မပြတ်ခဲ့ဘူးလို့ ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောခဲ့ဖူးပါတယ်။ ထွန်းထွန်းက ကောင်မလေး နဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို အင်စတာဂရမ်မှာသာမက အခုဆိုရင် ဖေ့စ်ဘွတ်အကောင့်မှာပါ တင်လာတာတွေ့ရပါတယ်။

ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

Photo : ထွန်းထွန်း IG

 

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရသလို မကြာခင်ရက်ပိုင်းမှာလည်း ဒလန်ဆိုတဲ့  ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပါသေးတယ်။ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာ ခဲ့ပါတယ်။

Photo : ထွန်းထွန်း IG

 

သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က