သီချင်းလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

Myanmar Idol Season 3 Winner ဆုကို ပိုင်ဆိုင်သွားတဲ့ ဖြိုးမြတ်အောင်ဟာ '' သင့်အတွက် မနက်ဖြန်'' ဆိုတဲ့ သီချင်းလေး ကို ချမ်းမြေ့ မောင်ချို အတွက် လက်ဆောင်ပေးခဲ့ပါတယ်။ဒီသီချင်းကို မဆိုလိုက်ရမှာ စိုးလို့လည်း နေမကောင်းတဲ့ကြားက မရောက်ရောက်အောင် လာခဲ့ရတာပါလို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

Photo: Myanmar Idol Facebook

 

Myanmar Idol Season 3 Winner ဆုကို ပိုင်ဆိုင်သွားတဲ့ ဖြိုးမြတ်အောင်ဟာ '' သင့်အတွက် မနက်ဖြန်'' ဆိုတဲ့ သီချင်းလေးကို ချမ်းမြေ့ မောင်ချို အရမ်းကြိုက်တာ သိရလို့ လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ တေးရေး ဝေကြီးက Winner ဆုရှင်အတွက်သာ သီးသန့်ရေးပေး ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

'' ဒီသီချင်းကို ကျွန်တော်သူ့ကို လက်ဆောင်ပေးမယ်လို့တွေးထားခဲ့ပြီးသားပါ။ ဒါ သူကိုယ်တိုင်တောင်မသိဘူး'' လို့ ဖြိုးမြတ်အောင်က Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအချိန် ဆုချီးမြှင့်တဲ့ အစီအစဉ်မှာ ပရိသတ်တွေနဲ့ မီဒီယာအားလုံးရဲ့ အရှေ့မှာ ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

Photo: Myanmar Idol Facebook

 

နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်တဲ့ တေးရေး ဝေကြီးရေးပေးထားတဲ့ သင့်အတွက် မနက်ဖြန် သီချင်းကိုလည်း ချမ်းမြေ့မောင်ချိုက အရမ်းကို ကြိုက်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒီသီချင်းကို မဆိုလိုက်ရမှာ စိုးလို့လည်း နေမကောင်းတဲ့ကြားက မရောက်ရောက်အောင် လာခဲ့ရတာပါလို့ သူကဆိုပါတယ်။

'' အစကတည်းက သမီးက ဒီသီချင်းလေးကို ကြိုက်တာပါ။ ဒီသီချင်းကိုလည်း Winner ကပဲ ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဟိုတစ်နေ့ကမှ ဆရာကလည်း ဒါက Winner ကပဲ ရမှာ ဒုတိယက မရဘူးဆိုတော့ ဒီသီချင်းကို ဆိုဖို့ ဒီနေရာကိုမရောက်ရောက်အောင် လာဆိုတာ မဆိုလိုက်ရမှာ စိုးလို့။ အခုလို သမီးကို သီချင်းလက်ဆောင်ပေးတဲ့ ကိုဖြိုးမြတ်အောင်ကို အရမ်းကျေးဇူးတင်ပါတယ်'' လို့ ဆိုပါတယ်။

'မောင်ချိုလာပြီလေ'လို့ ပြောလိုက်တဲ့ ချမ်းမြေ့မောင်ချို  

Photo: Myanmar Idol Facebook

 

အဲ့ဒီနောက် Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ဖြိုးမြတ်အောင် ကိုလည်း ချမ်းမြေ့မောင်ချိုက စနောက်ခဲ့ပါသေးတယ်။ နှစ်ဦးသားကတော့ အရမ်းကို ချစ်ချစ်ခင်ခင်နဲ့ ရယ်ရယ်မောမောပါပဲ။

''သူ Winner ဆုနဲ့ အရမ်းထိုက်တန်ပါတယ်။ သမီးပြောတဲ့ ဟာလေးတော့ မမေ့နဲ့နော် သမီး သူ့ကို အမြဲပြောတယ် သီချင်းဆိုရင် သွေးကြော တွေ အရမ်းထောင်တယ်၊ ပြီးတော့ ဒီ ဗိုက်နဲ့ အားသုံးပြီးဆိုပါလို့ သူ့ကို အမြဲပြောတယ်။ အဲ့ဒါလည်း မမေ့နဲ့ဦး'' ဆိုပြီးတော့ ချမ်းမြေ့မောင်ချိုက သဘောကျရယ်မောလျှက် ပြောပြခဲ့ပါတယ်။

Photo: Myanmar Idol Facebook

 

သြဂုတ်လ ၁၁ ရက်နေ့ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲမှာတော့ ပြိုင်ဘက်မရှိတဲ့ Winner ဆုရှင်အဖြစ် ဖြိုးမြတ်အောင်က ဆုငွေ သိန်း ၅၀၀ နဲ့အတူ မိုးမြန်မာ မီဒီယာက ထုတ်လုပ်ပေးတဲ့ Solo Album နဲ့ Music Album တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က