ရလာတဲ့ အမြတ်ငွေကို အလှူအတန်းတွေ လုပ်တာပါ။

မယ်လိုဒီဟာ တစ်ဖက်တစ်လမ်းက စီးပွားရေးအကူအညီတစ်ခုဖြစ်တဲ့ နေကြာစေ့ရောင်းနေတာဖြစ်ပါတယ်။ နေကြာစေ့ ရောင်းလို့ရတဲ့ ငွေကို အလှူအတန်းလုပ်တာဖြစ်တဲ့အတွက် မရှက်ဘူးလို့ဆိုပါတယ်။ လက်ရှိ ရေဘေးသင့်ဒေသတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်တဲ့။



Photo: Melody Facebook

 

သရုပ်ဆောင်အကယ်ဒမီမယ်လိုဒီဟာ နေကြာစေ့ရောင်းနေကြောင်းနဲ့ မင်းသမီးတစ်ယောက်ဖြစ်လို့ ဈေးရောင်းစား ရတာ မရှက်ပါဘူးလို့ ဆိုပါတယ်။ နေကြာစေ့ရောင်းရတဲ့အမြတ်ငွေကို လှူဒါန်းဖို့လည်း ရည်စူးထားကြောင်း ပြောပါတယ်။

'' ကျွန်မနေကြာစေ့ရောင်းရတာ မရှက်ပါဘူး။ အမြတ်ငွေကိုလှူဖို့ရည်စူးထားတာ တကယ်လို့ စားဝတ်နေရေး အတွက် ရောင်းရမယ် ဆိုလည်း မရှက်ပါဘူး။ မိသားစုအတွက်အလုပ်လုပ်တဲ့အခါ သမာအာဇီဝဖြစ်ရင်ပြီးတာဘဲ အလုပ်ဟူသမျှ ဂုဏ်ရှိတာဘဲ မင်းသမီး မို့ ဈေးရောင်းစား ရလည်း မရှက်ပါဘူး ကျွန်မယူတဲ့အမြတ်က ကျွန်မ မရှုးံရုံလေးယူထားတာ ကိုယ့်လိပ်ပြာကိုယ်လုံတယ်'' လို့ သူကဆိုပါတယ်။

Photo: Amazing Grace

 

မယ်လိုဒီဟာ နေကြာစေ့ရောင်းလို့ရတဲ့ အမြတ်ငွေထဲကနေ တက်နိုင်သလောက် အလှူအတန်းတွေလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ ရေဘေးသင့်ဒေသတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်တဲ့။ အဲ့ဒီနောက် ၉ လပိုင်းမှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အလှူမှာလည်း ရရှိလာတဲ့ အမြတ်ငွေအားလုံးကို လှူဒါန်းသွားမယ်လို့ သြဂုတ်လ ၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာကို တွေ့ရပါတယ်။



''ကိုယ့်အလှူမှာကိုယ့်ကိုချစ်တဲ့သူတွေ တစ်နိုင်လေးပါဝင်လို့ရတယ်။ အရှက်ဆိုတာ တကယ်ရှက်သင့်တဲ့နေရာမှာရှက်ရမှာပါ ။ မရှက်သင့် တဲ့ နေရာ ရှက် ရှက်သင့်တဲ့နေရာမရှက်ရင်ဘဝပါပျက်သွားပါလိမ့်မယ်။ ဘဝမှာ ဟိတ်ဟန် အဓိကမဟုတ်ပါ အတွင်းစိတ်မှန်ဖို့ အဓိကပါ ကျွန်မ ကတော့ သမီးကောင်း မိခင်ကောင်း ဇနီးကောင်း အနုပညာရှင်ကောင်းဖြစ်အောင် ကြိုးစားနေရတုန်းပါ'' လို့လည်း သြဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီက အခုလို ရေးသား ထားပါသေးတယ်။

Photo: Melody Facebook

မေမေ မယ်လိုဒီထက် အိုက်တင်ကောင်းတဲ့ သားသားသိဒ္ဓိစစ် 

မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့  အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့်လည်း မယ် ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။

၆၀၀၀ ကျပ်တန် နေကြာစေ့ထုတ်

 

သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က