ကလေးရနေရင်လည်း ချစ်ဦးမှာပါ။

ပြီးခဲ့တဲ့ လပိုင်းလောက် မိခင်ဖြစ်သူ မေသူ တင်ထားတဲ့ ပုံလေးကို ကြည့်ပြီး ယွန်းဝတီလွင်မိုးမှာ ကိုယ်ဝန်ရနေပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်တွေအံ့သြခဲ့ရတာပါ။ ပရိသတ်တွေ သိချင်နေကြတဲ့ မေးခွန်းလေးတွေကို ယွန်းဝတီလွင်မိုးက ပို့စ်လေး တစ်ခုနဲ့ အဖြေပေးလိုက်ပါပြီ။

Photo : ယွန်းဝတီလွင်မိုး IG

 

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးက ပရိသတ်တွေသိချင်နေတဲ့ ကိစ္စတစ်ခုကို ပြောပြလိုက်ပါပြီ။ ပြီးခဲ့တဲ့ လအနည်းငယ် လောက် အွန်လိုင်းမှာ မိခင်ဖြစ်သူဟာ ယွန်ဝတီလွင်မိုးရဲ့ ပုံလေးတစ်ပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီပုံလေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ထဲမှာ ဝေခွဲမရတွေ ဖြစ်နေကြသလို အံ့သြမှုတွေလည်း ဖြစ်ခဲ့ကြပါတယ်။

မိခင်ဖြစ်သူ တင်ထားတဲ့ ပုံလေးကို ကြည့်ပြီး ယွန်းဝတီလွင်မိုးမှာ ကိုယ်ဝန်ရနေပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်တွေအံ့သြခဲ့ရတာပါ။

Photo : မေသူ IG

 

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ယွန်းဝတီလွင်မိုးဘက်က ပရိသတ်တွေကို ဘာမှ ပြန်ပြီး ဖြေရှင်းချက်မပေးခဲ့ပါဘူး။ ဒါပေမယ့် အခုပရိသတ်တွေ သိချင်နေကြတဲ့ အဖြေတစ်ခုကို သူမက ပေးလိုက်ပါပြီ။ သူမရဲ့ အင်စတာဂရမ်မှာ သြဂုတ်(၁၁) ရက်နေ့က ခင်ပွန်းဖြစ်သူနဲ့အတူ တွဲရိုက်ထား တဲ့ ပုံလေးတစ်ပုံကို တင်ရင်း ယခုလို စာသားလေးကို ရေးသားထားတာတွေ့ရပါတယ်။

"5days post-    " ဆိုတဲ့ စာသားလေးကို ရေးထားတာ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

ဘုရားမှာဌာပနာဖို့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက ကျောက်စိမ်းရုပ်ပွားတော် ပေးပို့လှူဒါန်း 

သူမတင်ထားတဲ့ စာသားလေးရဲ့ အောက်မှာတော့ ပရိသတ်တွေရော သူငယ်ချင်းတွေကပါ ဝိုင်းပြီး ဂုဏ်ပြုစကားတွေ ပြောထားကြပါ သေး တယ်။ တချို့ပရိသတ်တွေဆိုရင် ယွန်းဝတီလွင်မိုးရဲ့ ဘေဘီလေးကို  တွေ့ချင်နေပြီဆိုပြီးတော့လည်း ပြောထားတာ တွေ့ရပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။

Photo : ယွန်းဝတီလွင်မိုး IG

 

ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

ယခုလက်ရှိ သူမဟာ ခင်ပွင်းဖြစ်သူနဲ့အတူ  သြစတြေးလျ မှာ အတူ နေထိုင်လျက်ရှိပါတယ်။အိမ်ထောင်ကျ ကလေးရပြီးပေမယ့် လဲ ယွန်းဝတီလွင်မိုး အပေါ် ပရိသတ်တွေ က အခုထိ အချစ်ပိုနေကြတုန်းပါ။

Share

Loading Next Article...
က္က