အခုလက်ရှိ ဇလွန်ရောက်နေပြီတဲ့။

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဟင်္သာတမြို့ကို ပြန်နေပြီ ဖြစ်ပါ တယ်။ ယခုလက်ရှိ ဖြိုးမြတ်အောင်က ဇလွန်ကို ရောက်နေပါပြီတဲ့။

 

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဟင်္သာတမြို့ကို ပြန်နေပြီ ဖြစ်ပါတယ်။ ယခုလက်ရှိ ဖြိုးမြတ်အောင်က ဇလွန်ကို ရောက်နေပါပြီ။ သူ့ရဲ့ အိမ်ပြန်ကားလမ်းတစ်လျှောက်မှာတော့ ပရိသတ်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ပရိသတ်တွေက သူရပ်နားမယ့် နေရာတိုင်းမှာစောင့်နေရုံသာမကဆိုင်ကယ်တွေနဲ့ သူ့ရဲ့ အိမ်ပြန်လမ်းကို လိုက်ပို့ပေးနေကြတာပါ။

Photo : D Zin Tun FB

 

ပရိသတ်တွေရဲ့ အားပေးကြိုဆိုမှုက ကြက်သီးထလောက်အောင်ကို ပျော်ဖို့ ကောင်းလှပါတယ်။ဖြိုးမြတ်အောင်ကို လာရောက်ကြိုဆိုနေကြတဲ့ ဟင်္သာတခရိုင် ဆိုင်ကယ်အဖွဲ့ရဲ့ မြင်ကွင်းကလည်း အရမ်းကို အားရဖို့ ကောင်းလှပါတယ်။ တခဲနက်အားပေးတဲ့ ပရိသတ်တွေကြောင့် ဖြိုးမြတ်အောင်လည်း အရမ်းကိုပျော်နေခဲ့ပါတယ်။

Myanmar Idol Season 3 ရဲ့ Winner ဖြစ်တဲ့ ဖြိုးမြတ်အောင်ရဲ့ အိမ်ပြန်ခရီးဟာ အရမ်းကို မျက်နှာပန်း လှခဲ့ပါတယ်။

Photo : D Zin Tun FB

ဘုရားထီးတင်မယ် ကထိန်ခင်းမယ်ဆိုတဲ့ ဖြိုးမြတ်အောင်ရဲ့ စိတ်ကူး 

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။

"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင်  ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ဖြိုးမြတ်အောင်

 

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ  အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က