ရေဘေးသင့် ပြည်သူတွေဆီ သွားရောက်ခဲ့တာပါ။

အေးမြတ်သူ ဦးဆောင်တဲ့ စေတနာရှင်အဖွဲ့ဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ ရှိတဲ့ ရေဘေးသင့် ပြည်သူတွေဆီကို သွားရောက် လှူ ဒါန်းခဲ့တယ် လို့ သိရပါတယ်။ အေးမြတ်သူနဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး သွားရောက်ခဲ့တာဖြစ်ပါတယ။်



Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

 

သရုပ်ဆောင် အေးမြတ်သူဦးဆောင်တဲ့ စေတနာရှင်အဖွဲ့ဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ရှိတဲ့ ရေဘေးသင့် ပြည်သူတွေ ဆီသို့ သြဂုတ် လ၁၅ ရက်နေ့ သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘားအံမြို့နယ် ဒေါ်လန်းကျေးရွာအုပ်စုမှာ ရှိတဲ့ အိမ်ခြေပေါင်း (၁၁၀၆) အိမ်ထောင်စုတို့အား ထိုင်းနိုင်ငံ AAC အဖွဲ့၊ Miss Hpa-an ပရဟိတအဖွဲ့တို့နဲ့အတူ အေးမြတ်သူစေတနာ ရှင်အဖွဲ့တို့ဟာ ဝေဠု ကျော် ပရဟိတအဖွဲ့နဲ့ ပူးပေါင်းကာ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

 

ဝေဠုကျော်နဲ့ အေးမြတ်သူတို့ဟာ ပရဟိတအလုပ်တွေမှာ အတူတူလုပ်ကိုင်ဖြစ်သလို လူမှုကယ်ဆယ်ရေးပိုင်းတွေမှာလည်း အတူတူပါ ဝင်ဖြစ် ကြ တဲ့ အနုပညာမောင်နှမတွေပါ။ သရုပ်ဆောင်အေးမြတ်သူဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ရှိနေသလို ပရဟိတအလုပ်တွေကိုလည်း အားရင် အားသလို အချိန်ပေးပြီး လုပ်ကိုင်တတ်သူ တစ်ဦးဖြစ်ပါတယ်။

အေးမြတ်သူဟာ အနုပညာအတွေ့အကြုံတွေအများကြီးရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ပေးအပ်လာတဲ့ ကာရိုက်တာ တိုင်းကိုလည်း အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ အေးမြတ်သူကတော့ အခုလက်ရှိ မှာ သရုပ်ဆောင်အသစ်လေးတွေကို လက်တွဲခေါ်ရင်း ရုပ်သံဇာတ်လမ်းတွဲတွေ အများအားဖြင့်ရိုက်ကူး လက်ခံနေတယ်လို့ သိရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

ရေဘေးသင့် ပြည်သူတွေကို သွားရောက်ကူညီခဲ့တဲ့ အနုပညာရှင်များ 

ယခုလက်ရှိရုံတင်ပြသနေတဲ့ "မိုးကောင်းကင်အိမ်မက်များ" ရုပ်သံဇာတ်လမ်းတွဲမှာလည်း သူမပါဝင်ထားသလို မကြာခင် ပြသတော့မယ့် "မနေ့ကဖြစ်သည်(၂)"မှာလည်း သူမပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အဲ့ဒီ ရုပ်သံဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျမယ့် ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း

 

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က