ဒါရိုက်တာမိုက်တီးအတွက် မိသားစုဝင်တွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးကြောင့် မိသားစုဝင်တွေလည်း စိတ်မကောင်းဖြစ်လို့ နေပါ တယ်။ ညီမ ဖြစ်သူ ချစ်ချစ်ဇော်ဟာ ကြိုတင်အကြောင်းကြားပြီးသား အလှူဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာန မှာ ကိုယ်တိုင် ကိုယ်ကျ အလှူလုပ်ခဲ့ရပေမယ့် ဝမ်းနည်းကြေကွဲနေတယ်လို့ ဆိုပါတယ်။

Photo: Chit Chit Zaw Facebook

 

သြဂုတ်လ ၁၆ ရက်နေ့ညက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးကြောင့် မိသားစုဝင်တွေလည်း စိတ်မကောင်းဖြစ်လို့ နေပါ တယ်။ အဲ့ဒီအထဲမှာမှ မိုက်တီးရဲ့ ညီမဖြစ်သူ ချစ်ချစ်ဇော်ကလည်း သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာန မှာ ကိုယ်တိုင် ကိုယ်ကျ အလှူလုပ်နေရပေမယ့် ရင်ထဲမှာတော့ ဝမ်းနည်းကြေကွဲစရာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

''ဘဝရဲ့ပျော်ရွှင်မှု့တွေခမ်းခြောက်ရသောနေ့။ ဘယ်လိုပဲအခက်အခဲ၊ဝမ်းနည်းကြေကွဲစရာတွေအပြည့်နဲ့ရင်ဆိုင်နေရပေမယ့်၊ ဒီနေ့လုပ်မယ့်

အလှူလေးကိုတော့ အပျက်အစီးမခံနိုင်ပါ။ ကြိုတင်အကြောင်းကြားထားပြီးဖြစ်တဲ့ အတွက် ဦးဏှောက်နဲ့အာရုံကြော မှာဆေးကုသ နေကြ တဲ့လူနာများကိုကိုယ်တိုင်(မျက်ရည်သုတ်ရင်း)ရအောင်ကြိုးစားချက်ပြုတ်ပြီးကိုယ်တိုင်ထည့်၊ ကိုယ့်လက်နဲ့ ကိုယ်တိုင်လှူပြီး သူတို့ လေးတွေ အတွက်တဒင်္ဂပျော်ရွှင်မှုလေး ပေးနိုင်ခဲ့တယ်'' လို့ပြောပါတယ်။

Photo: Chit Chit Zaw Facebook

 

ချစ်ချစ်ဇော်ဟာ တတ်နိုင်သလောက် အလှူအတန်းတွေ မကြာခဏလုပ်ဖြစ်သလို ဘာသာရေးလည်း ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပါတယ်။ သူ့ အနေနဲ့ ညီမဖြစ်သူ သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ အတူ နာမကျန်းဖြစ်နေတဲ့ မွေးသဖခင်ကြီးကိုလည်း ပြုစု စောင့်ရှောက်နေသူပါ။ ဒီလို အကျိုးတွေကြောင့် စိတ်အေးချမ်းချင်တယ်ဆိုတာကို သြဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

''ယနေ့ထိ ဘုရား တရား သံင်္ဃာ ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်ရသော အကျိုး အိပ်ရာထဲလဲ နေတဲ့ မွေးသဖခင်ကျေးဇူးရှင်ကြီးကို စိတ်ရင်းစေတနာမှန်ဖြင့်ပြုစုစောင့်ရှောက်ရသောအကျိုး ခုနှစ်ရက်သားသမီးများအားလုံးအပေါ် နေ့စဉ်နဲ့အမျှမေတ္တာပို့သခဲ့သော အကျိုးများကြောင့်ဘုရားတပည့်တော်မအား စိတ်၏အေးချမ်းမှု ကိုအမြန်ဆုံးပေးသနားတော်မူပါဘုရား'' လို့ ဆိုပါတယ်။

Photo:ချစ်ချစ်ဇော်Facebook

 

 

အစ်ကိုဖြစ်သူရဲ့ သတင်းကြောင့် ဝမ်းနည်းပူဆွေး၊ သောက များနေရတဲ့ ချစ်ချစ်ဇော်ကို အားပေးနှစ်သိမ့် ခဲ့ကြတဲ့ မိတ်ဆွေ၊ အပေါင်းအသင်း တွေကိုလည်း အတိုင်းမသိအောင် ကျေးဇူးတင်မိတယ် လို့လည်း သူ့ရဲ့ စာထဲမှာ ဆက်လက်ရေးသားထားတာကို တွေ့ရပါတယ်။ အွန်လိုင်း ပေါ်ကနေ အားပေးနှစ်သိမ့်ကြတဲ့ ပရိသတ်များစွာလည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက် က ဒါရိုက်တာ မိုက်တီး ကို WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသိရပါတယ်။  မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီးကို တာမွေမြို့ မ ရဲစခန်းက မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Photo: Chit Chit Zaw Facebook

 

ချစ်ချစ်ဇော်ဟာ တစ်ချိန်တုန်းက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော် ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ညီမဖြစ်သူ သရုပ်ဆောင်လင်းဇာနည်ဇော်၊ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးတို့နဲ့အတူ ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Share

Loading Next Article...
က္က