သြဂုတ်လ ၂၀ ရက်နေ့မှာ ဈာပနပြုလုပ်ပါမယ်တဲ့။

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အမေ ဒေါ်မိုးသီတာမိုး ဟာ သြဂုတ်လ ၁၈ ရက်နေ့( စနေနေ့)နေ့လည် ၂ နာရီက ၉၆ ပါးသော ရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်မိုးသီတာမိုး ဟာ ရုပ်ရှင်ဇာတ်ကား တွေ အဖြူအမည်း ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: ဗေဧရာ ဖောင်ဒေးရှင်းဖေ့စ်ဘွတ်

 

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အမေ ဒေါ်မိုးသီတာမိုး ဟာ သြဂုတ်လ ၁၈ ရက်နေ့( စနေနေ့)နေ့လည် ၂ နာရီက ၉၆ ပါးသော ရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အသက် ဘယ်နှ နှစ်ဆိုတာတော့ သေချာ မသိရ သေးပါ ဘူး။  သြဂုတ်လ၂၀ ရက်နေ့မှာ မီးသဂြိုဟ်မယ်လို့ လည်း ဇာတ်ပို့ သရုပ်ဆောင်  ကိုပြည့်ဖြိုးက ပြောပြထားပါတယ်။

''အမေများအဖွဲ့မှ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အမေ ဒေါ်မိုးသီတာမိုး ဒီနေ့ နေ့လည် 2 နာရီခွဲက ကွယ်လွန်အနိစ္စရောက်သွားပါပြီ တနင်္လာ နေ့ နေ့လည် ၁ နာရီခွဲ အချိန် သန်လျင် အမိုးနီ သုသာန်မှာ မီးသင်္ဂြ ိုလ် ပါမယ် ကောင်းမွန်ရာ ဘုံဘဝသို့ အေးချမ်းစွာရောက်ရှိပါစေ'' ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာ ရေးထားတာဖြစ်ပါတယ်။

Photo: ဗေဧရာ ဖောင်ဒေးရှင်းဖေ့စ်ဘွတ်

ဆေးရုံတက်နေရတဲ့ ဒေါ်စံပယ်ကို ဆေးကုသစရိတ်လှူဒါန်းခဲ့တဲ့ မမများအဖွဲ့ 

ဒေါ်မိုးသီတာမိုး ဟာ ရုပ်ရှင်ဇာတ်ကားတွေ အဖြူအမည်း ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိနေတာဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ် ရံ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ ပေးအပ်လာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံး ကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ ဟာအိမ်ဖော်ဇာတ်ရုပ်၊ အဖွား ဇာတ်ရုပ်၊ အမေ ဇာတ်ရုပ်၊ အထိန်းတော် ဇာတ်ရုပ်တွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။

Photo: ဗေဧရာ ဖောင်ဒေးရှင်းဖေ့စ်ဘွတ်

 

ဒေါ်မိုးသီတာမိုးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ မလုပ်တာ ကြာခဲ့ပါပြီ။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနုပညာ လောကသားများကလည်း ထောက်ပံ့ကြေးငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြပါသေးတယ်။ အမေများ အကအဖွဲ့ဝင် အမေ ဒေါ်မိုးသီတာမိုး ကွယ် လွန်သွားတာကြောင့် အနုပညာလောကသားများနဲ့ အတူ ပရိသတ်တွေကလည်း ဝမ်းနည်းနေကြပါတယ်။

Share

Loading Next Article...
က္က