အနှစ်(၂၀) နီးပါး လက်တွဲခဲ့တဲ့သူတွေနဲ့တဲ့။

ရဲမင်းပိုင်ဟာ အနှစ်(၂၀)နီးပါးလောက် အနုပညာလောကထဲမှာ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့  လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့ ရေဘေးမှာ အတူတူ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့အတူ ပရဟိတအလုပ်လေးကို လုပ်ကိုင်ခွင့်ရတာကြောင့် ရဲမင်းပိုင်တစ်ယောက် ပျော်လို့နေပါတယ်။

Photo : ရဲမင်းပိုင် FB

 

သရုပ်ဆောင် ရဲမင်းပိုင်ဟာ အနှစ်(၂၀) နီးပါးလောက် အနုပညာလောကထဲမှာ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့ ရေဘေးမှာ ပါဝင်ကူညီပေးခဲ့တယ်လိုု့ သိရပါတယ်။ရေဘေးကူညီရေး ပရဟိတအဖွဲ့မှာ ပါဝင်ကူညီပေးခဲ့တာနဲ့ ပတ်သက်ပြီး ရဲမင်းပိုင်ရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : ရဲမင်းပိုင် FB

 

"ဘဝတလျှောက် အနှစ် ၂ဝ နီးပါး လက်တွဲခဲ့သောအနုပညာသရုပ်ဆောင် ညီအကိုကြီးတွေနဲ့ ကောင်းမူ့လေးတခု ပြုခဲ့ပါတယ်။ ကိုယ့်ပြုနေ သော အလုပ်လေးက ကိုယ့်ရင်ထဲ ကစေတနာလေးတခုပါ။အရာရာအားလုံးတို့ဟာ အချိန်တန်ပျောက်ကွယ်စမြဲပါ ကောင်းသော အသိစိတ် လေးနဲ့ ကောင်းသောအလုပ်လေးတွေနဲ့ ချမ်းသာစွာတည်ရှိကြပါစေ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၁) ရက်နေ့ မနက်ပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့အတူ ပရဟိတအလုပ်လေးကို လုပ်ကိုင်ခွင့်ရတာကြောင့် ရဲမင်းပိုင်တစ်ယောက် ပျော်လို့နေပါတယ်။

Photo : ရဲမင်းပိုင် FB

ကိုယ်တိုင်ရေးဇာတ်ညွှန်းတွေက မြင့်မြတ်အတွက်ပါဆိုတဲ့ ရဲမင်းပိုင်  

ရဲမင်းပိုင်ဟာ ဇာတ်ကားရိုက်ကူးမှုတွေပြုလုပ်လျက်ရှိသလို ဇာတ်ညွှန်းလေးတွေလည်း ရေးသားဖြစ်နေပါတယ်။ သူကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်း(၂)ခုရှိတယ်လိုကလည်း သိရပါတယ်။အဲ့ဒီဇာတ်လမ်း(၂)ခုကိုလည်း မြင့်မြတ်အတွက် ရည်စူးပြီး ဖန်တီးထားတယ်လို့ သိရပါတယ်။

''ကျွန်တော်ရင်ထဲမှာရှိသော ဇာတ်အိမ်လေးနှစ်ထုပ်ပါ။ ဒါပေမဲ့ခုချိန်မှာအောင်မြင်မယ်လို့မယူဆတော့ပါဘူး။ ဒီ ဇာတ်အိမ် လေးနှစ်ထုပ်ဟာ ပညာပေး အသိပေး ကြည့်ရှုသူတွေရဲ့ရင်ထဲ မှာနှင့်ကနဲ တခုခုကျန်ရစ်စေမည့်ဇာတ်အိမ်လေးနှစ်ထုပ်ဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးထဲ မှာလည်းခေါင်းဆောင်သရုပ်ဆောင်ညီငယ် မြင့်မြတ် ကိုရည်စူးပြီး ဖန်တီးစိတ်ကူးထားပါတယ်'' လို့ သြဂုတ်လ(၁၃) ရက်နေ့က ရဲမင်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရဲမင်းပိုင်ဟာ မကြာခင်မှာ အမိမြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မှာဆိုတဲ့အကြောင်းကိုလည်း ပြောထားတာ တွေ့ရပါတယ်။

Photo : ရဲမင်းပိုင် FB

 

သရုပ်ဆောင်ရဲမင်းပိုင်ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

အခုဆိုရင် ရဲမင်းပိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြန်ရောက် လာ တဲ့ အချိန်မှာလည်း ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ဇာတ်လမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးထားပါသေးတယ်။ မကြာခင်မှာတော့ ရဲမင်းပိုင်က အမေရိကကို ပြန်တော့မှာပါ။

Share

Loading Next Article...
က္က