ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။

သားအိမ်မှာ ရေအိတ်တည်ခြင်းကြောင့် ၅ ရက်အကြာဆေးကုသမှု ခံယူခဲ့ရတဲ့ သရုပ်ဆောင် နဒီဝင့်နိုင်က သြဂုတ်လ ၂၁ ရက် နေ့ မနက်ပိုင်း မှာပဲ ဆေးရုံက ဆင်းပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ ဆိုပါတယ်။ စိတ်ပူပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ မိတ်ဆွေ၊ အပေါင်းအသင်း တွေ ကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါသေးတယ်။

Photo: Nadi Wint Naing Facebook

 

သားအိမ်မှာ ရေအိတ်တည်ခြင်းကြောင့် ၅ ရက်အကြာဆေးကုသမှု ခံယူခဲ့ရတဲ့ သရုပ်ဆောင် နဒီဝင့်နိုင်က သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်း မှာပဲ ဆေးရုံက ဆင်းပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ခွဲစိတ်ထားတဲ့ အခြေအနေကြောင့် ထိုင်ရ ထရ တာတော့ အခက်အခဲ တော်တော်ဖြစ်တယ်လို့ Duwun Media ကို သီးသန့် ဖြေဆိုခဲ့ပါတယ်။

'' နောက် နှစ်ပတ်နေရင်တော့ ဆေးပြန်ပြရမယ်တဲ့။ ဒီကြားထဲ တစ်ခုခုဖြစ်ရင်တော့ ဆရာဝန်ကြီးဆီ ပြေးရမှာပေါ့နော်။ ဖြစ်တာကလည်း သားအိမ် ရဲ့ သားဥပြွှန်ထဲမှာ ရေအိတ်နဲ့ သွေးလုံး တည်တာ၊ ပထမတုန်းကတော့ ဆေး ၂ လ သောက်ရမယ်ဆိုလို့ ၂ လသောက်တယ်။ ပြီးတော့ ၃ လလောက် ဆေးခန်း သွားမပြဖြစ်တဲ့အချိန်မှာ ရေတွေက ဆင်းရင်း ဆင်းရင်းနဲ့ မဖြစ်တော့ဘူး ဆိုပြီးတော့ ဆေးခန်းသွားပြ တယ် နောက် ၂ ရက်နေတော့ ဆေးရုံတက် ခွဲလိုက်ရတာပဲ'' လို့ ဆိုပါတယ်။

Photo: Nadi Wint Naing Facebook

 

နဒီဝင့်နိုင်ဟာ သြဂုတ်လ ၁၇ ရက်နေ့ က စပြီး ဆာကူရာဆေးရုံမှာ ဆေးရုံ စတတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သြဂုတ်လ ၁၉ ရက်နေ့ မှာ တော့ ၂ နာရီအကြာ ခွဲစိတ် ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ အနုပညာညီအစ်မ၊ မောင်နှမတွေကလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် သတင်းမေးခဲ့ကြပါတယ်။ သူ့ကို စိတ်ပူခဲ့ကြ သူတွေ အားလုံးကိုလည်း နဒီဝင့်နိုင်က ကျေးဇူးတင်စကားပြောလာပါတယ်။

'' ညီမကို စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေရော၊ ညီအစ်ကိုမောင်နှမတွေရော၊ မိတ်ဆွေတွေရော တစ်ယောက်ချင်းဆီကို တကယ်ကျေးဇူး တင်ပါတယ်။ ဖေ့စ်ဘွတ်ကနေပြီးတော့ စာတွေ၊ Comment တွေ မပြန်နိုင်တာလည်း စိတ်မဆိုးပါနဲ့လို့ ထုံဆေး ထိုးထားရတာဆိုတော့ ဖုန်းသုံး ရင်း မူးလို့  ပရိသတ်တွေ စိတ်ကွက်မှာ စိုးလို့ ညီမလေးကို ပုံတွေ တင်ခိုင်းရတယ်'' လို့ သူက ပြောပါတယ်။

Photo: Nadi Wint Naing Facebook

 

နဒီဝင့်နိုင် ဆေးရုံတက်နေရတဲ့ အချိန်မှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ဖြစ်တဲ့ Nadi Wint Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလည်း Hacker တစ်ဦးက ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ အကောင့် ပြန်ရဖို့ အတွက်လည်း ပိုက်ဆံပေးရမယ်လို့ သူ့ကို ပြောတယ်ဆိုတာကို အခုလို ဖွင့်ပြောလာပါတယ်။

'' ဒီနေ့မနက်မှ ပဲ ဖေ့စ်ဘွတ်က Hack ခံနေရတယ်၊ Hack လည်းခံရသေးတယ် ပိုက်ဆံကလည်း လှမ်းတောင်းတယ်။ ပြန်ယူမနေတော့ဘူး၊ နောက်အကောင့် အသစ်ဖွင့်ပြီးတော့ပဲ ကိုယ့်လူတွေကို စိစစ်ပြီးလက်ခံတော့မယ်။ အဲ့ဒါက ပိုကောင်းမယ်။ Nadi Nway အကောင့်တော့ သုံး ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Nadi Wint Naing Facebook

သမီးမိုက် ဖြစ်ရတော့မယ့် နဒီဝင့်နိုင် 

သရုပ်ဆောင် နဒီဝင့်နိုင်ကို ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိ အားပေးလာကြတာဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက် ကတော့ တောက်ပတဲ့ မျက်ဝန်းတစ်စုံရယ် ဆံပင်ရှည်ရှည်လေးနဲ့က ပရိသတ်ကို ပိုဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ နဒီဝင့်နိုင်ကတော့ နယ်ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က