အချစ်က ဆန်းကြယ်တယ်ဟုတ်။

ဒီနေ့မှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာပါ။ ရွှေထူးနဲ့ အတူ နှစ်ယောက် တွဲ ရိုက်ထား တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို တင်ပြီး ဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်ခဲ့တာ  ဖြစ်ပါတယ်။



Photo : ရွှေမှုံရတီ FB

 

သရုပ်ဆောင် ရွှေမှုံရတီကတော့ ချစ်သူကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလို့လာပါပြီ။ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်တဲ့ သူမက ဒီနေ့မှာ သူမရဲ့ ချစ်သူကို အရမ်းချစ်တဲ့အကြောင်း ဖေ့စ်ဘွတ်ကနေ ပြောပြထားတာ တွေ့ရပါတယ်။ အချစ်ဆိုတာ ပူလောင်တယ် ပင်ပန်းတယ် လို့ အရင်က နားလည်ခဲ့ပေမယ့် အခု သူမသိလိုက်တဲ့ အချစ်ဟာ အေးချမ်းတယ် နွေးထွေးတယ် ဆိုပြီး ရွှေမှုံက ပြောခဲ့ပါတယ်

Photo : ရွှေမှုံရတီ FB

 

"Love ❤️ ဆန်းကြယ်တယ် ဟုတ်တယ် ။အရင်ကနားလည်ခဲ့ဘူးတဲ့ အချစ်ဆိုတာ ပူလောင်တယ် ပင်ပန်းတယ် မျက်ရည်တွေနဲ့ ပဲဖြတ်သန်း ရတာ မျိုးလို့ထင်ခဲ့တာ but အခုသဲ သိလိုက်ရတယ် အချစ်ဆိုတာ အေးချမ်းတယ် နွေးထွေးတယ် အပြုံးတွေ ရယ်သံတွေနဲ့ ပဲဘယ်လိုအဆိုး ဆုံးအခြေနေမှာမဆို သဲကို လွှမ်းခြုံထားစေတယ်ဆိုတာ သိခဲ့ရတယ် ကျေးဇူးတင်ပါတယ် ကိုးကိုး coco ရယ်" ဆိုပြီး သြဂုတ်လ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ  ရေးသားထားတာဖြစ်ပါတယ်။

Photo : ရွှေမှုံရတီ FB

 

သူ့ကို သဲအရမ်းချစ်တယ်ဆိုတာ ပြောပြဖို့တောင်မလိုဘူးတဲ့။ "သူ့ကို သဲအရမ်းချစ်တယ်ဆိုတာ ပြောပြဖို့မလိုဘူးဆိုပေမဲ့  ချစ်တယ် အရမ်းချစ် တယ် ဂေါ်ကြီးက ရွှေကြီးပတ်လည်မှာ အမြဲ ရှိတယ် ဆိုတာမမေ့ပါနဲ့ fighting အားတင်းထားပါ CoCo i need u and adore u" ဆိုပြီး ဆက်လက် ရေးသားထားပါတယ်။

လက်ရှိမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ရွှေမှုံရတီဘက်က သေသေချာချာ ပြန်ပြီး ဖြေရှင်းထား တာမျိုး မရှိပါဘူး။ အင်တာဗျူးတွေ တေ်ာတော်များများ မှာလည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို စောင့်ကြည့်ပေးကြ ပါဆိုပြီးတော့ပဲ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။

Photo : ရွှေမှုံရတီ FB

တစ်ယောက်သောသူရဲ့ Surprise ကြောင့် ပျော်နေတဲ့ ရွှေမှုံရတီ 

ဒီနေ့မှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာပါ။ ရွှေထူးနဲ့ အတူ နှစ်ယောက်တွဲ ရိုက်ထား တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို တင်ပြီး ဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်ခဲ့တာ  ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီး ရွှေရွှေချင်း ထပ်လို့ မြတ်တယ်လို့ ပြောကြတဲ့ ပရိသတ်တွေ ရှိကြပေမယ့်လည်း သူတို့နှစ်ယောက်တွဲနေတာကို လက်မခံနိုင်တဲ့ ပရိသတ်တွေလည်း ရှိလို့နေခဲ့ပါတယ်။

Photo : ရွှေမှုံရတီ FB

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်တယ်လို့ ပရိသတ်တွေက ခန့်မှန်း ပြောဆိုနေတာတွေလည်း ရှိပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : ရွှေမှုံရတီ FB

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က