နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ပါတယ်။

ဒါရိုက်တာ ကိုပေါက်တစ်ယောက် ဘန်ကောက်မှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်လို အပ်နေတယ် ဆိုတာကို အခု လိုကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ နဲ့ အတူ ယိုးဒယားက အနုပညာရှင် တွေလည်း ပါဝင် သရုပ်ဆောင်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။



Photo: ကိုပေါက်ဖေ့စ်ဘွတ်

 

ဒါရိုက်တာ ကိုပေါက်တစ်ယောက် ဘန်ကောက်မှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်လို အပ်နေတယ် ဆိုတာကို အခု လိုကြေညာထားပါတယ်။ ဘန်ကောက်မှာ နေထိုင်တဲ့ မြန်မာလူမျိုး တစ်ဦး အလိုရှိတယ် ဆိုတာကိုလည်း အရေးတကြီး ရှာဖွေ နေတာ ကို တွေ့ရပါတယ်။

''သရုပ်ဆောင်အလိုရှိသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ပတ်ဝန်းကျင်၊ ပတ္တယားကမ်း တို့တွင်အခြေချ ရိုက်ကူးမည့် 'Lady boy' ရုပ်ရှင် အတွက် ဘန်ကောက်တွင် နေထိုင်သော အမျိုးသား၊ အမျိုးသမီး လူငယ်လူလတ်ပိုင်းများ သရုပ်ဆောင်အလိုရှိသည်။ CBတွင် ဆက်သွယ် ပေးပါ'' ဆိုပြီးတော့ ဒါရိုက်တာကိုပေါက်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီက ရေးသားခဲ့ပါတယ်။

Photo: ကိုပေါက်ဖေ့စ်ဘွတ်

 

ဒါရိုက်တာ ကိုပေါက်ဟာ ဘန်ကောက်မှာ ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ နဲ့ အတူ ယိုးဒယားက အနုပညာရှင်တွေလည်း ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ဇာတ်ကားအစအဆုံးကို ဘန်ကောက်မှာပဲ ရိုက်ကူးမယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

'' ၉ လပိုင်းမှာ ဘိုဘိုအင်တာတိန့်မန့်ကနေ ဘန်ကောက်မှာ သွားရိုက်မယ့် ဇာတ်ကားလေးအတွက် ကျွန်တော် pre production အပိုင်း ကိုသေချာလေး ပြင်ဆင်နေပါတယ်။ ဇာတ်ကားနာမည်ကိုတော့ ကျွန်တော်စိတ်ကြိုက်မရွေးရသေးတဲ့အတွက် သေချာတော့ Confim မဖြစ်သေးပါဘူး'' လို့  ဆိုပါတယ်။

ယိုးဒယားအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ကားကြီးဖန်တီးမယ့် ကိုပေါက် 

Photo: ကိုပေါက်ဖေ့စ်ဘွတ်

 

ဒါရိုက်တာကိုပေါက်က ဘန်ကောက်မှာ ရက် ၂၀ အကြာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ပရိသတ် အားပေးမှု အခိုင်အမာ ရရှိပြီးသား နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်တဲ့ အကြောင်း အခုလို ပြောပြခဲ့ပါသေးတယ်။

'' ပါဝင်မယ့် သရုပ်ဆောင်တွေက ပြေတီဦး၊ ကျော်ကျော်ဗို၊ အိချောပို၊ ပြီးတော့ ကိုခင်လှိုင်လည်း ပါမယ်၊ ပြီးတော့ ယိုးဒယားက မင်းသားတွေ၊ မင်းသမီးတွေလည်းပါမယ်။ ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်အောင်လို့လည်း Pre Production အပိုင်းမှာ သေသေချာချာလေး ပြင်ဆင်ထားတယ်'' လို့ သူကဆိုပါတယ်။

Photo: ကိုပေါက်ဖေ့စ်ဘွတ်

ကိုပေါက်ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ သက်ငယ်မုဒိန်းမှုကို ပညာပေးအဖြစ်ရိုက်ကူးလျှက်ရှိတဲ့ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကား ကြီး ထဲမှာ ဗီလိန်ဇာတ်ရုပ် အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင် သန်းသန်းစိုးရဲ့ ခင်ပွန်းတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က