ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းလိုက်လဲ ။

သရုပ်ဆောင် စိုးမြတ်နန္ဒာက ညီမဖြစ်သူ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကို အားကျကာ သူမလည်း သူမချစ်သူနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲ့ဒီပုံလေးမှာတော့ သူမရဲ့ ချစ်သူ စိုးသူက သူမကို ကပ်ချွဲနေတဲ့ ပုံလေးပါ။

Photo : စိုးမြတ်နန္ဒာ IG

 

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း စိုးမြတ်နန္ဒာဟာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်သူတစ်ဦးဖြစ်ပါတယ်။ လူမှု ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာသာမက အင်စတာဂရမ်မှာ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်တွေတင်ပြီး ပရိသတ်တွေနဲ့ အမြဲစကား ပြောဖြစ် နေသူပါ။ အခုလည်း သူမက ပရိသတ်တွေအတွက် သူမရဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။

Photo : စိုးမြတ်နန္ဒာ IG

 

အဲ့ဒီဓာတ်ပုံဟာ  သရုပ်ဆောင် စိုးမြတ်နန္ဒာက ညီမဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကို အားကျလို့ဆိုပြီး ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ပုံလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။ ပုံထဲမှာ သူမရဲ့ ချစ်သူက သူမကို ကပ်ချွဲနေတာပါ။ သူမတင်လိုက်တဲ့ ပုံလေးအောက်မှာလည်း သူငယ်ချင်းတွေ ပရိသတ်တွေနဲ့ စန္ဒီမြင့်လွင်တို့က အသီးအသီး ကောမန့်တွေ အပြိုင်အဆိုင် ပေးထားကြတာလည်း တွေ့ရပါတယ်။

Photo : စိုးမြတ်နန္ဒာ IG

ဂုဏ်သိက္ခာကျဆင်းစေသောနစ်နာမှုအတွက် စိုးမြတ်နန္ဒာက သိန်း ၁၅,၀၀၀ တောင်းဆို 

စန္ဒီမြင့်လွင်က သူမတင်ထားတဲ့ ပုံရဲ့ အောက်မှာ "ဟာ" ဆိုတဲ့ ကောမန့်လေးကို ပေးခဲ့တာဖြစ်ပြီး အဲ့ဒီကောမန့်ကို ဒါဒါက "ယူတို့ကို အားကျလို့ပါအေ" ဆိုုပြီး Reply ပြန်ခဲ့တာ တွေ့ရပါတယ်။ စိုးမြတ်နန္ဒာက စိုးသူနဲ့ ပုံလေးကို သူမရဲ့ အင်စတာဂရမ်မှာ သြဂုတ်လ(၂၁) ရက်နေ့က တင်ခဲ့တာပါ။

အခုဆိုရင် သရုပ်ဆောင်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

Photo : စိုးမြတ်နန္ဒာ FB

 

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။ မကြာခင်မှာလည်း စိုးသူရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ စိုးမြတ်နန္ဒာက တော်တိုမယ်ရ ဝင်လုပ်ရဦးမယ်လို့ ပြောထားပါတယ်။

Share

Loading Next Article...
က္က