စာမေးပွဲအောင်သွားပြီတဲ့။

ခင်ဇာခြည်ကျော်ကတော့ သားကြီးဘုန်းမင်းနေလကြောင့် အရမ်းကိုပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒီစာမေးပွဲကိုလည်း ဘုန်းမင်းနေလ က ခက် ခက်ခဲခဲ ဖြေဆိုခဲ့တာပါ။



Photo: ခင်ဇာခြည်ကျော်fb

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ IGCSE  စာမေးပွဲကို ဘာသာစုံအောင်မြင်ခဲ့တဲ့ သားကြီး ဘုန်းမင်းနေလ ကြောင့် အရမ်းကို ပျော်ရွှင် နေရပါတယ်။စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ ဘုန်းမင်းနေလက နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားရတော့ မယ်ဆိုတာကို လည်း အခုလို ပြောပြထားပါတယ်။

''မေမေ့ သားကြီး ဘုန်းမင်းနေလ ဒီနေ့ ဟာ မေမေ့အတွက် အရမ်းပျော်တဲ့နေ့ပေါ့ တက္ကသိုလ်ဝင်ခွင့် IGCSE စာမေးပွဲ ကို ဘာသာစုံအောင် မြင် စွာ ဖြေဆို ခဲ့ တဲ့ အတွက် ကျေးဇူးတင် ပါ တယ် သားကြီး ရေ ဂုဏ်ယူ ပါ တယ်။ဒါ ပေ မယ့် သား ကျောင်းသွား တက် ရင် မေမေ နဲ့ ခွဲ ရဦးမယ်။ အရမ်း ချစ်တယ် သားကြီး'' ဆိုပြီးတော့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၂ နာရီ ၂၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာပါ။

Photo: ခင်ဇာခြည်ကျော်fb

 

ဘုန်းမင်းနေလဟာ IGCSE စာမေးပွဲကို ကျန်းမာရေး မကောင်းတဲ့ ကြားက အကောင်းဆုံး ကြိုးစားဖြေဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက လည်း ပရိသတ်တွေ သူငယ်ချင်း အပေါင်းအသင်းတွေလည်း စိတ်မကောင်းဖြစ်ခဲ့ကြပါသေးတယ်။ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ဘုန်းမင်းနေလ တစ်ယောက်အရေးပေါ် ဆေးရုံတက်ခဲ့ရပါသေးတယ်။

Photo: ခင်ဇာခြည်ကျော်fb

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင် သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသား တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Photo: ခင်ဇာခြည်ကျော်fb

 

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။

ဆေးရုံတက်လိုက်ရတဲ့ ခံစားချက်ကိုပြောလာတဲ့ ဘုန်းမင်းနေလ 

 ခင်ဇာခြည်ကျော်တို့ရဲ့ မိသားစုပုံစံလေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က