အောက်တိုဘာလမှာ ဖွင့်မှာတဲ့။

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး ပိုးထည်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေကြပြီလို့ စန္ဒီမြင့်လွင်က ဖွင့်ပြောလိုက်ပါ ပြီ အောက်တိုဘာလ ထဲမှာ ဖွင့်မှာဖြစ်လို့ လောလောဆယ် ညီအစ်မတွေ အလုပ်ရှုပ်နေပါတယ်တဲ့။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

ပရိသတ်အချစ်တော် ညီအစ်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး အောက်တိုဘာလ ထဲမှာ ပိုးထည် ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြောင်း စန္ဒီမြင့်လွင်က အခုလို ရေးသားခဲ့ ပါတယ်။

'' ဒီရက်ပိုင်း ညီအမလေးယောက်အောက်တိုဘာမှာဖွင့်မယ့် ပိုးထည်တိုက်အတွက် တော်တော်အလုပ်ရူပ်နေကြတယ် ဆယ်လပိုင်းမှာတော့ အားလုံး အတွက်အဆင်အဆန်းအမြင်အဆန်းတွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ် ပင်ပန်းပေမဲ့ပျော်တယ်လို့ဖီလင် စိုး အိတ်စိုက်တက်ပဲ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီက ရေးသားတင်ခဲ့တာဖြစ်ပါတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်လောကမှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီ အစ်မ ၄ ယောက်ပေါင်းပြီးရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ ဖူးပါ တယ်။

'' ဒီးဒီကလည်း ကတုံးနဲ့ဆိုတော့ ကာရိုက်တာ တစ်ခုရမယ်ဆိုတော့ တကယ်လည်းရိုက်ချင်တယ်။ ရုပ်ရှင်ပြန်ရိုက်ချင်တဲ့ စိတ်ရှိပါတယ်။ ညီအစ်မတွေချည်းပဲ ရိုက်ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ ရူတင်မှာဆိုလည်း ကိုယ်တွေအမျိုးတွေချည်းပဲဖြစ်နေမှာပေါ့'' လို့ ဆိုပါတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

စန္ဒီမြင့်လွင်အတွက် မကြီးစိုးမြတ်သူဇာရဲ့ မွေးနေ့ဆုတောင်း 

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် စိုးပြည့်သဇင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ပြီး ဂီတဘက် မှာလည်း အောင်မြင်မှုရရှိထားပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

Share

Loading Next Article...
က္က