ဖေ့စ်ဘွတ်အကောင့်ကို လာဟက်နေပြန်ပြီတဲ့။

 



 

သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လာဟက်နေတဲ့သူကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ အခုလက်ရှိမှာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ခဏခဏ လာလာဟက်နေကြတာတွေ့ရပါတယ်။ ဒီနေ့(သြဂုတ်လ၂၈ရက်)မှာလည်း သူမရဲ့ ဖေစ့်ဘွတ်အကောင့်ကို လာဟက်နေတယ်ဆိုပြီး သင်ဇာဝင့်ကျော်က ပို့စ်တစ်ခု တင်ခဲ့ပါတယ်။အကောင့်ဟက်ခံနေရတဲ့အကြောင်း ပို့စ်တင်ရင်း ဟက်ကာတွေကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။

"ဟက်ပြန်ပြီ အားနေလား" ဆိုပြီး သင်ဇာဝင့်ကျော်က သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေလည်း သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လာလာဟက်နေတဲ့ ဟက်ကာတွေကို စိတ်ဆိုးနေကြတာတွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူးလျက်ရှိပါတယ်။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံတော်တော်များများကို social Media ပေါ် တင်ဖြစ်သူပါ။ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို  ဝတ်ပြီး Social Media ပေါ် တင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်လည်း ဇာဘော်လီ ကြော်ငြာရိုက်ကွင်းက သင်ဇာရဲ့ ဓာတ်ပုံလေးတွေဟာလည်း ပရိသတ်တွေကြားထဲ ရေပန်းစားလို့ နေခဲ့ပါသေးတယ်။

ချစ်သူနဲ့ စိတ်ကောက်ထားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်  

သူမဟာ အဝတ်အစားပိုင်းနဲ့ ပတ်သက်လာရင် Sexy ဘက်သွားတဲ့ပုံစံမျိုးကို ကြိုက်တာကြောင့် အဲ့လိုပုံစံမျိုး ပိုပြီး ဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

"အဓိကက ကိုယ်လည်း Comfortable ဖြစ်မယ့်ဟာ..ပြီးရင် ဘယ်သူမှလည်း သိပ်မဝတ်သေးတဲ့ဟာပေါ့နော်။ ပြီးရင် ကိုယ်နည်းနည်း ကြိုက်မယ့်ဟာ။ကိုယ်က Sexy ဘက်သွားတာ ကြိုက်တော့ Sexy ဘက်သွားတာလေးတွေ ပိုဝတ်ဖြစ်ပါတယ်။" ဆိုပြီး ဇူလိုင် (၁၄) ရက်နေ့Balance Fitness ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

သင်ဇာဝင့်ကျော်ဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်သူဖြစ်တာကြောင့် ခန္ဓာကိုယ်အချိုးအစားလည်း လှပတောင့်တင်းပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကြောင့်လည်း ဆီလီကွန်ထည့်ထားတာလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတယ်ဆိုတယ်လို့လည်း သူက ပြောပါတယ်။

'' ဆီလီကွန်ထည့်တယ် မထည့်ဘူးဆိုတာကတော့ မပြောချင်ပါဘူး။ မြင်တဲ့အတိုင်းပဲ မြင်ရင် မြင်တယ်လိ့ုဘဲ မှတ်ပါလို့ပြောချင်တယ်။ ဝန်းရံ လာတဲ့ ပရိသတ်တွေကလည်း သင်ဇာ အပြောခံနေရတာတွေကို သနားစိတ်နဲ့ ချစ်ပေးကြတယ်၊ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ ကြိုက်ကြတာ တွေ ရှိ တယ်။ အဲ့ဒီအတွက် သင်ဇာ အရမ်းကိုကျေးဇူးတင်ပါတယ်''  ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က