ချစ်သူလေး နိုရာကိုအတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့ပါတယ်။

ချစ်သူသက်တမ်း ၆ နှစ်ကျော်အကြာ လက်တွဲလာတဲ့ သရုပ်ဆောင် ခါရာနဲ့ နိုရာကိုတိ့ု စုံတွဲလေးကိုတော့ အားမကျတဲ့ ပရိသတ် မရှိသလောက် ပါပဲ။ သြဂုတ်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူလေး နိုရာကို အတွက် ရင်ခုန်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းလေးကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

Photo: Khara Facebook

 

သရုပ်ဆောင်ခါရာတစ်ယောက် သြဂုတ်လ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူလေး နိုရာကိုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ မွေးနေ့ ဆုတောင်းလေးကို အခုလို ဖော်ပြ ပေးခဲ့ပါတယ်။ သူတို့ရဲ့ ချစ်သူသက်တမ်းကလည်း ၆ နှစ်ကျော်လာပါပြီ။ အရာရာနားလည်ပေးတတ်တဲ့ ချစ်သူအတွက် ကျန်းမာပျော်ရွှင် စေဖို့ အဓိက ဆုတောင်းလေးအကြောင်း ပြောပြခဲ့ပါတယ်။

'' မိဘနှစ်ပါးအပေါ်ကျေးဇူးသိတတ်သူ၊ ကြီးသူကို ရိုသေ ရွယ်သူကိုလေးစား ငယ်သူကို သနားတတ်သူ၊ သစ္စာရှိသူ၊ ကတိတစ်လုံးကို လွယ် လွယ် နဲ့ မပေးတတ်သူ၊ တာဝန်ယူရဲတဲ့ သတ္တိရှိပြီး နားလည်မှုရှိသူ၊ ဒီနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အတွက် ကျွန်တော်ရဲ့ အဓိက ဆု တောင်း ကတော့ ကျန်းမာပါစေ ပျော်ရွှင်ပါစေ'' ဆိုပြီးတော့ ဆုတောင်းပေးခဲ့ပါတယ်။

 

သရုပ်ဆောင်ခါရာနဲ့ နိုရာကိုတို့ကတော့ ပရိသတ်ချစ်တဲ့ အနုပညာရှင်စုံတွဲတစ်တွဲဆိုရင်လည်း မမှားပါဘူး။ ချစ်သူများနေ့ရောက်တိုင်းလည်း တစ်ဦးနဲ့တစ်ဦးလက်ဆောင်လေးတွေ ဖလှယ်ကြတာကအစ ပရိသတ်တွေအားကျစရာကောင်းခဲ့တဲ့ စုံတွဲတစ်တွဲပါ ။ မွေးနေ့ နှစ်တိုင်း နှစ်တိုင်း မှာလည်း အတူတူ ဖြတ်သန်းချင်တဲ့အကြောင်း ဆက်လက်ပြောပြထားပါသေးတယ်။

လက်ဆောင်မစီစဉ်ရသေးဘူးဆိုရင် ချစ်သူစိတ်ဆိုးမလား ဆိုတဲ့ ခါရာ

''သူမအသက် ၈၀ မွေးနေ့မှာလဲ အတူတူ ဖြတ်သန်းခွင့်ပေးပါ။ နောက်တစ်ခုပြောချင်တာက အသက်တစ်နှစ်ကြီးသွားလို့ စိတ်မညစ်ပါနဲ့လို့ အသက်ဆိုတာ ဂဏန်းတွေပဲလေ မသိတဲ့လူဆိုရင်တော့ ၁၈ နှစ်လို့ပဲထင်နေမှာပါ။ နုတယ်လို့ပြောချင်တာပါကွယ် ဟီဟီး'' ဆိုပြီးတော့ သြဂုတ် လ ၃၀ ရက်နေ့ မနက် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Khara Facebook

 

သရုပ်ဆောင်ခါရာနဲ့ နိုရာတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၆ နှစ်ရှိပြီလို့ သိရပါတယ်။ ခါရာ့ကိုတော့ မော်ဒယ်လ်အပိုင်းမှာရော၊ သရုပ်ဆောင် အပိုင်းမှာပါ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်တွဲပြီး ကလိမ် ကကျစ်ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိထားပါသေးတယ်။

Share

Loading Next Article...
က္က