အလှူတွေလည်း ပြုလုပ်ခဲ့တယ်တဲ့။

ဒီနေ့(သြဂုတ်လ၃၁ရက်)လေးဟာ ပရဟိတဇနီးမောင်နှံ ဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၃၇) နှစ်ပြည့် နေ့လေး ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း(၃၇)နှစ်ပြည့်နေ့ပွဲလေးနဲ့ အလှူကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

Photo : kyaw Thu FB

 

ပရဟိတဇနီးမောင်နှံဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ဒီနေ့(သြဂုတ်လ၃၁ရက်)မှာ မင်္ဂလာသက်တမ်း (၃၇)နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်အခမ်းအနားကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : kyaw Thu FB

မိဘနှစ်ပါးရဲ့ခြေရာ ပုံတူကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ကျော်သူ 

"မင်္ဂလာပွဲ အောင်မြင်ခဲ့ပါပြီ။ပရဟိတသားသမီးညီနောင်များရဲ့စည်းလုံးညီညွတ်မှုကိုပြသလိုက်တဲ့(၃၇)နှစ်ပွဲအောင်မြင်ခဲ့ပါပြီ။ အားလုံးသော ပရဟိတညီနောင်များ၊ ဝန်ထမ်းများ၊မိတ်ဆွေများ၊အလှူရှင်များအားလုံးကို နှလုံးသားထက်မှ လှိုက်လှဲစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ရှေ့ဆက်၍အများပြည်သူအကျိုးကို ယခုမင်္ဂလာပွဲလေးကျင်းပခဲ့သလို စည်းလုံးညီညွတ်စွာပေးဆပ်ကြပါစို့ဟု တိုက်တွန်းမိပါသည်။" ဆိုပြီး သြဂုတ်လ(၃၁) ရက်နေ့က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo : kyaw Thu FB

 

ဦးကျော်သူတို့ ဇနီးမောင်နှံရဲ့  မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။  ဦးကျော်သူတို့ ဇနီးမောင်နှံဟာ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြိး အားတတ်သရော ဦးဆောင်ဆောင်ရွက်နေသူတွေလည်း ဖြစ်ပါတယ်။ ရှေ့သွားနောက် လိုက် ညီလွန်းလှတဲ့  ဦးကျော်သူတို့ ဇနီးမောင်နှံအတွက် ပရိသတ်များကလည်း မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားများ ပြောထားကြတာ တွေ့ရပါတယ်။

Photo : kyaw Thu FB

ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့မှာတော့ မြင့်မိုရ်ဦးဆိုတဲ့ သမီးတစ်ယောက်နဲ့ ပြေသိန်းကျော်ဆိုတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မိုရ်ဦးဟာ ယခုလက်ရှိမှာ သြစတေးလျ နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သားဖြစ်သူ ပြေသိန်းကျော်ကတော့ အမေရိကားမှာ နေထိုင်လျက်ရှိ တယ်လို့ သိရပါတယ်။

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။

Photo : kyaw Thu FB

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က