ကုသိုလ်ကောင်းမှုတွေ ဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။

သစ်တံခါးဆရာတော်ကျောင်းမှာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန်(၃) ရက် တိတိ ဝင်ခဲ့တဲ့ ပိုပိုဟာ ဒီနေ့မှာ အဓိဋ္ဌာန်က ပြန်ထွက်လာပြီ ဖြစ်ပါတယ်။ အဓိဋ္ဌာန်က ထွက်ထွက်ချင်းနေ့မှာ အိမ်ရှေ့မှာ ကုသိုလ်ကောင်းမှုတွေ ထပ်လုပ်နေတာ တွေ့ရပါတယ်။

Photo : ပိုပို FB

 

ကုသိုလ်ရေးနဲ့ ပတ်သက်ရင် လက်မနှေးတတ်တဲ့ အဆိုတော် ပိုပိုဟာ သစ်တံခါးဆရာတော်ကျောင်းမှာ ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန်(၃) ရက် တိတိ ဝင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ(၃) ရက်နေ့ကစပြီး ဝဇီပိတ် ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်ခဲ့တဲ့ သူမဟာ ဒီနေ့(စက်တင်ဘာ၅ရက်)မှာ အဓိဋ္ဌာန်က ပြန်ထွက်လာခဲ့ပါပြီ။

အဓိဋ္ဌာန်ထွက်ထွက်ချင်းနေ့မှာလည်း သူမရဲ့ အိမ်ရှေ့မှာ အမြဲတမ်း ကြွနေတဲ့ သံဃာတော်များအား အာရုံဆွမ်းလောင်းပြီး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။

"သစ်တံခါး ဆရာတော် ရဲ့ မေတ္တာခံယူကာ ၃ရက် အဓိဋ္ဌာန် ဝင်ပြီး ထွက်ထွက်ချင်း နေ့စဉ် အာစိဏ္ဏကံ ကုသိုလ် ပိုပိုရဲ့ အိမ်ရှေ့မှာ အိမ်ရှေ့တန်း ဆွမ်းလောင်းလှူပါတယ်။ နေ.အိမ်ဘုရားမှာလည်း ဆွမ်းကပ် ဆီမီးလှူ ပဋ္ဌာန်းရွတ်ဖတ်ပူဇော် မေတ္တာပို့ ပုတီးစိပ် ပါတယ်။" ဆိုပြီး သူမပြုလုပ်သော ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ(၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

Photo : ပိုပို FB

 

ပိုပိုဟာ သူမပြုလုပ်သော ကုသိုလ်ကောင်းမှုများကို (၇) ရက်သားသမီးများနဲ့ ပရိသတ်များအတွက် အမျှပေးဝေထားပါသေးတယ်။

"ပိုပို လုပ်သမျှ ကုသိုလ် ကောင်းမှူ့အစုစု တို့ကို၇ ရက်သားသမီး ပရိတ်သတ် အပေါင်း တို့ အား အမျှပေးဝေပါတယ် ... သာဓု အမောဒနာ ခေါ်ဆိုနိုင်ကြပြီး ကျန်းမာ ချမ်းသာ စိတ်ဓါတ်ကြည်လင် အေးမြသုခ ရရှိနိုင်ကြပါစေ ။အားလုံး ကြားကြားသမျှ ယူတော်မူကြပါကုန်တော်" ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

Photo : ပိုပို FB

ဘုရားဌာပနာအတွက် စိန်နားကပ်လေး လှူဒါန်းခဲ့တဲ့ ပိုပို 

ဘယ်နေရာရောက်ရောက် အလှူအတန်းရက်ရောသူလေး ပိုပိုဟာ သြဂုတ်လ(၃၀) ရက်နေ့က အလှူတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အောင်မြင်ဗာဟု ဘုရား သွားဖူးရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကြီးရဲ့ အမိုးဆောက်လုပ်လှူဒါန်း၊ ပန္နက် ရိုက်လှူဒါန်းပွဲမှာ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူမအနေနဲ့ ယင်းအလှူမှာ  အလှူငွေ (၂)သိန်း ထည့်ဝင်လှူဒါန်းခဲ့သလို ရှေးဟောင်းသစ်ကနက် ဗုဒ္ဓ ရုပ်ပွားတော်သတင်းသုံးမည့် အဆောက် အဦးမှာ သူမရဲ့ စိန်နားကပ်လေးကို ဌာပနာအဖြစ် ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။  ပိုပိုဟာ ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ဦးဖြပြီး အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ အနုပညာရှင် ဖြစ်ပါတယ်။နေ့စဉ် သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြု လုပ်တက်သူတစ်ဦး လည်း ဖြစ်ပါတယ်။

Photo : ပိုပို FB

 

၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲက  Master Piece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ Master Piece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့မှာ The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချီသွားမှာ  ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။

"Po Po ရဲ့ Master piece MTV & DVD အခွေ အမိုက်စား ရိုက်ချက်တွေ နဲ့ သီချင်းအလန်းစားတွေကို 9.9.2018 မှာ The Sun မှတဆင့် မြန်မာပြည်အနှံ ဖြန်ချီတော့မှာပါ။ အားပေးဖို့ ready ဘဲလား ချစ်လေးတို့" ဆိုပြီး သြဂုတ်လ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို FB

 

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က