ဂီတကို ချစ်တဲ့စိတ်ကလည်း ဖခင်ဆီက ရခဲ့တာတဲ့။

ပရိသတ်တွေရဲ့ အသဲကျော်လေးတွေဖြစ်တဲ့ အမြွှာသမီးလေး နှစ်ယောက်ရဲ့ အမေဖြစ်တဲ့ အဆိုတော် ချစ်သုဝေဟာ ဖခင်ရဲ့ ကျေးဇူး တရား တွေကို ပြောပြရင်း ဖခင်အတွက် မွေးနေ့ဆုတောင်း စကားလေး ဆိုထားတာတွေ့ရပါတယ်။ ဖခင်ရဲ့ မွေးနေ့ မှာ ဖခင်ရဲ့ ကျေးဇူးတရား လေးတွေကို ဖော်ကျူးရေးသားထားတဲ့ ချစ်သုဝေရဲ့ မွေးနေ့ဆုတောင်းစာ လေးကို ဖတ်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။



Photo : ချစ်သုဝေ ဖခင် FB

 

ဒီနေ့(စက်တင်ဘာ၅ရက်)ဟာ အဆိုတော် ချစ်သုဝေ ဖခင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အသဲကျော်လေးတွေဖြစ်တဲ့ အမြွှာသမီးလေး နှစ်ယောက်ရဲ့ အမေဖြစ်တဲ့ အဆိုတော် ချစ်သုဝေဟာ ဖခင်ရဲ့ ကျေးဇူးတရားတွေကို ပြောပြရင်း ဖခင်အတွက် မွေးနေ့ဆုတောင်း စကားလေး ဆိုထားတာတွေ့ရပါတယ်။

အနုပညာလောကမှာရော အပြင်လောကမှာပါ ဖခင်ကြောင့် မျက်နှာမငယ်ရဖူးခဲ့သလို ဂုဏ်လည်း မငယ်ခဲ့ရဖူးပါဘူးတဲ့။ ငွေကြေးမချမ်းသာ လွန်းပေမယ့် ပြည့်စုံလွန်းတာထက်ပိုအောင် သမီးနှစ်ယောက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကုန်သည်ဘဝနဲ့ သိပ်ပင်ပန်းခဲ့ရတယ်ဆိုပြီး ဖခင်ရဲ့ မေတ္တာတရားတွေကို ဖော်ကျူးရေးသားထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ ဖခင် FB

 

"သမီး အိမ်ထောင်သည် သမီးလေး၂ယောက်မေမေ နေရာရောက်တော့ အိမ်ထောင်ဦးစီးတစ်ယောက် ဖခင်ကောင်းတစ်ယောက်ရဲ့ တာဝန်ယူ ရ မှုတွေ နားလည်ပေးနွေးထွေးပေးရမှုတွေ ကိုယ်ကျိုးစွန့်ရမှုတွေ ကို ပိုတန်ဖိုးထားနားလည်လာရတယ်။ဒါကြောင့်လည်း ငယ်ဘဝမှာ တောင့် တရတယ် လိုချင်ရတယ်ဆိုတဲ့ ခံစားမှုမျိုးတောင်မရှိခဲ့ရဘူး daddy (daddy ပင်ပမ်းတာတော့ တက္ကသိုလ်တက်တဲ့ အရွယ်ရောက်သည်အထိ မသိခဲ့ရပါဘူး ဘာလိုလိုရနေတော့ ကိုယ့်ကိုယ်ကို princess လေးလိုထင်ခဲ့တာ)အလုပ်နဲ့ပတ်သက်လို့ ,, လူမှုဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်ဓာတ်ကောင်းတွေလည်း သင်ကြားပေးတယ်။Daddy..စိတ်ချမ်းသာအောင်ပဲနေပါကျနိးမာအောင်နေပါ ဝါသနာပါရာအလုပ်တွေကို လျော့လုပ်ပါHappy birthday daddy!မီးငယ်ပေါက်"ဆိုပြီး ချစ်သုဝေက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာ(၅) ရက်နေ့က မွေးနေ့ဆုတောင်းစကားရေးသားထားတာတွေ့ရပါတယ်။

Photo : ချစ်သုဝေ ဖခင် FB

သူမမှာ ပါလာတဲ့ ဂီတကို ချစ်မြတ်နိုးတဲ့ စိတ်ဟာလည်း သူမရဲ့ ဖခင်ဆီက ရခဲ့တာဖြစ်လို့ အဖေ့ကို သိပ်ကျေးဇူးတင်တယ်ဆိုပြီး ပြောထားတာ လည်း တွေ့ရပါတယ်။ ဖခင်ရဲ့ မွေးနေ့မှာ ဖခင်ရဲ့ ကျေးဇူးတရားလေးတွေကို ဖော်ကျူးရေးသားထားတဲ့ ချစ်သုဝေရဲ့ မွေးနေ့ဆုတောင်းစာ လေးကို ဖတ်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကို မြင်ရပြီး သမီးတစ်ယောက်ရဲ့ ဖခင်ပေါ် ထားရှိတဲ့ ချစ်ခြင်းတရားတွေကိုလည်း တွေ့မြင်ရပါတယ်။

Photo : ချစ်သုဝေ ဖခင် FB

ဖြူစင်လွန်းတဲ့ ချစ်ဇနီးရဲ့ အကျင့်လေးတွေကို ပြောပြလာတဲ့ လင်းလင်း 

ချစ်သုဝေဟာ ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ မိသားစုကို အချိန်ပေးရင်း သူမဝါသနာပါရာ အနုပညာအလုပ်လေးတွေကိုလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် အမြွှာသမီးလေးတွေအတွက် အနီးကပ်ေ စာင့်ရှောက်ပေးဖြစ်သလို သမီးလေးတွေကိုလည်း ည်းကမ်းရှိရှိ နေထိုင် တတ်အောင် သွန်သင်ဆုံးမတာတွေ ရှိတယ်၊ ကိုယ့်တာဝန် ကိုယ် ယူတတ်အောင်လို့လည်း သင်ပေးတာမျိုးတွေ ရှိတယ်လို့  သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo : ချစ်သုဝေ FB

 

'' သမီးလေးတွေက လိမ်လည်း လိမ်မာကြပါတယ်။ သူတို့လေးတွေ အရွယ်ငယ်ပေမယ့် စည်းကမ်းလေးနဲ့ နေတတ်အောင်၊ သူတို့ တာဝန်လေး တွေ သူတို့ ယူတတ်အောင်၊ သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိအောင် တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ သူတို့လေးတွေကို ပျိုးထောင်ပေးရတာ ပေါ့နော်'' လို့ သူကပြောပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

 

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က