အရမ်းကို ပျော်ခဲ့မှာပါ။

မိသားစုနဲ့အတူ ထမင်းဝိုင်းမှာ မဆုံရတာ နှစ်နဲ့ချီနေပြီဖြစ်တဲ့ နေခြည်ဦးဟာ စက်တင်ဘာ(၅) ရက်နေ့က မိသားစုနဲ့အတူ ထမင်းအတူတူ စားခဲ့ကြပါတယ်။ မိသားစုနဲ့ ဆုံရမှာ ရင်တွေ အရမ်းခုန် နေတယ်လို့လည်း ပရိသတ်တွေအတွက် လွှင့်ထားတဲ့ Live မှာ ပြောပြထားတာ တွေ့ရပါတယ်။



Photo : နေခြည်ဦး FB

 

မိသားစုနဲ့အတူ ထမင်းဝိုင်းမှာ မဆုံရတာ နှစ်နဲ့ချီနေပြီဖြစ်တဲ့ နေခြည်ဦးဟာ စက်တင်ဘာ(၅) ရက်နေ့က မိသားစုနဲ့အတူ ထမင်းအတူတူ စားခဲ့ကြပါတယ်။ မိသားစုနဲ့အတူ ထမင်းလက်ဆုံမစားရတာဟာ တော်တော်ကြာနေပြီဖြစ်တာကြောင့် မိသားစုနဲ့ ဆုံရမှာ ရင်တွေ အရမ်းခုန် နေတယ်လို့လည်း ပရိသတ်တွေအတွက် လွှင့်ထားတဲ့Live မှာ ပြောပြထားတာ တွေ့ရပါတယ်။

Photo : နေခြည်ဦး FB

 

သူမဟာ မိသားစု ညစာစားပွဲလေးကို ရင်ခုန်စွာနဲ့ ဖြတ်သန်းပြီးချိန်မှာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မိသားစုနဲ့ပတ်သက်ပြီး စာလေးတစ် စောင် ရေးထားတာ တွေ့ရပါတယ်။

"နောက်နှစ်ပေါင်း ၁၀၀ တိုင်ဒီလို နေချင်သေးတယ်" ဆိုပြီး စက်တင်ဘာ(၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀၀တိုင် မိသားစုနဲ့ နေချင်သေးတယ်ဆိုတဲ့ စာသားလေးနဲ့အတူ မိသားစုနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။ နေခြည်ဦးတစ်ယောက် တော်တော့်ကို ပျော်နေတာကိုလည်း တွေ့ရပါတယ်။

Photo : နေခြည်ဦး FB

 

နေခြည်ဦးဟာ Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေရင်းနဲ့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

မကြာခင်က တောင်ကိုရီးယားနိုင်ငံမှာနှာခေါင်းနဲ့ မျက်စိ ခွဲစိတ်မှုတွေ ပြုလုပ်လာခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ ပိုပြီးတော့ တောင်လှလာပါသေးတယ်။သူ့ကို ဝေဖန်ပြောဆိုကြသူတွေကလည်း  ပလပ်စတစ်ဆာဂျရီ လုပ်ပြီး ဒီလို ပြောင်းလဲလို့ရတယ်ဆိုတာကို လက်ခံ လာတဲ့အတွက် ကျေနပ်တယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : နေခြည်ဦး FB

ဒါကြောင့်လည်း ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး နောက်ထပ်ခွဲစိတ်မှုအနေနဲကလည်း ရင်သားခွဲစိတ်ပြုပြင်မှု လုပ်ဦးမယ်လို့ ဆိုပါတယ်။ ပထမ ခွဲစိတ်မှု လုပ်ထားတာကလည်း မကြာသေးတာကြောင့် ရင်သားခွဲစိတ်မှုကို ၂၀၁၉ ခုနှစ်ကျမှသာ ပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာပြုလုပ်တဲ့ သရုပ်ဆောင်သစ် ရွေးချယ်ပွဲက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

'' ရင်သားခွဲစိတ်ပြုပြင်မှာက ကျတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိတယ်။ ပြီးတော့ အင်္ကျီဝတ်ရတာလည်း အဆင်ပြေအောင်လို့ ခွဲစိတ်ပြု ပြင်မှုတွေတော့ လုပ်ဦးမှာပါ။ အရင်တုန်းက ခွဲစိတ်ပြုပြင်ခဲ့တဲ့ ဥစ္စာတွေကိုလည်း ဗီဒီယိုဖိုင်နဲ့ သေချာလေး ရိုက်ထားတာ ဖြစ်တဲ့အတွက် အတွေ့အကြုံရှိပြီးပြီဖြစ်လို့ မကြောက်ပါဘူး'' လို့ သူကပြောပါတယ်။

Photo : နေခြည်ဦး FB

ချီချီဆိုတဲ့ နာမည်တစ်လုံးဖြစ်အောင် အရမ်းကြိုးစားရတယ်ဆိုတဲ့ နေခြည်ဦး 

Beauty Blogger တစ်ဦးဖြစ်သလို ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေတောင် ရိုက်ကူးနေရပြီဖြစ်တဲ့ နေခြည်ဦးဟာ မကြာခင်မှာ ဝါရင့်သရုပ် ဆောင်ကြီးတွေနဲ့အတူ ဟာသဇာတ်ကားတစ်ကားကို ရိုက်ကူးခွင့်ရတော့မှာ ဖြစ်ပါတယ်။သူမဘဝမှာ ပထမဆုံး ရိုက်ကူးရမယ့် ဟာသရုပ် ရှင်ဇာတ်ကားအတွက်  ရင်ခုန်နေတယ်လို့ ဆိုပါတယ်။ သူမရင်ခုန်နဲ့ ဇာတ်ကားကြီး အကြောင်းကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"နေခြည့်အတွက် ဒီဇာတ်ကားဟာ ပထမဆုံး ဟာသဇာတ်ကားပေ့ါ။ အရင်ရိုက်ခဲ့တဲ့ ကားတွေကျတော့ အချစ် ဒရမ်မာတွေပေ့ါ။ နေခြည်က လည်း အပြင်ကာရိုက်တာလေးနဲ့ တူတဲ့ ကားလေးလည်း ရိုက်ချင်တယ်လို့ မခိုင် လေးကို ပြောတဲ့အချိန်မှာ မခိုင်လေးက ဒီအချစ်ဟာသကား လေးကို ရိုက်ဖို့ ပြောတာပါ။ နေခြည် အရမ်းချစ်ရတဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အရမ်းလည်း ရင်ခုန်နေပါ တယ်။ " ဆိုပြီး သူမက  သြဂုတ်လ(၂၂) ရက်နေ့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ရွေးချယ်ပွဲမှာ မီဒီယာတွေကိုု ဖြေဆိုပေးခဲ့ပါတယ်။

Photo : နေခြည်ဦး FB

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က