ကျေးဇူးတင်ထိုက်သူတွေ အများကြီးပါတဲ့။

ှှSpecial 9 ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ အဆိုတော်အာဇာနည်ကို ကျေးဇူး တင်တဲ့ အကြောင်း ယုန်လေးက ရင်ဖွင့်လာပါတယ်။ ဒီဇာတ်ကားကိုတော့ ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပထမဆုံး ဇာတ်ကား ဖြစ်တယ်လို့ သိရပါတယ်။



Photo: Yoon Lay Facebook

 

ပရိသတ်အားပေးမှုအပြည့်အဝ ရရှိနေတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကို အောင်အောင်မြင်မြင် ပြသနေပြီဖြစ်တဲ့အတွက် ဒါရိုက်တာ ယုန် လေးကတော့ ဝမ်းသာလို့ နေပါတယ်။ ဒီဇာတ်ကားကြီးအောင်မြင်ဖို့ အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့တဲ့ အဆိုတော် အာဇာနည်ကို ကျေးဇူးတင်တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

'' Special 9 မှာ အရမ်းကျေးဇူးတင်ထိုက်သူ နောက်တစ်ယောက် ချစ်လှစွာသော ကျွန်တော်တို့ အဆိုလောကရော ဂေါ်လီလောကမှာပါ လေးစား ရသော ကျွန်တော် အစ်ကို ကိုဇာနည်ကို အရမ်းကျေးဇူးပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Yoon Lay Facebook

Special 9 ရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ကား စစ်စစ် ဖြစ်တယ်လို့ ယုန်လေးက ဆိုပါတယ်။ဒီဇာတ်ကားကို ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးဟာ တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ယုန်လေး ပြောပြထားပါသေးတယ်။

Photo: Yoon Lay Facebook

ညီအစ်ကိုလိုရင်းနှီးလှတဲ့ ယုန်လေးအကြောင်းပြောလာတဲ့ မြင့်မြတ် 

ဒီဇာတ်ကားကို စက်တင်ဘာလ ၇ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပါတယ်။Speical 9 ရုပ်ရှင်ဇာတ်ကားကို အားပေးကြည့်ရှုဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ Speical 9 ဇာတ်ကားကို အောင်အောင် မြင်မြင် ရိုက်ကူးခဲ့နိုင်တဲ့ ယုန်လေး ကိုယ်တိုင်ကလည်း ဝမ်းသာကြည်နူးခဲ့ပါတယ်။

"ရုပ်ရှင်ဇာတ်လမ်း ဆိုပြီး ဘဝမှာ လွန်ခဲ့တဲ့ ၉နှစ်က ပထမဆုံးစဉ်းစားတဲ့ကား။ အခုတော့ အကောင်ထဲဖော်နိုင်ခဲ့ပြီ ယုံယုံကြည်ကြည် အပင် ပန်းခံ ပါဝင်သရုပ်ဆောင်ပေးသော  မြင့်မြတ်၊ ကိုထူးအယ်လင်း Nine One . အပြင်ပါဝင်သော သရုပ်ဆောင်ညီအစ်ကို မောင်နှစ်မ များ အား လုံး ယုံကြည်ပြီး စိတ်ကြိုက်ရုက်ကူးခွင့်ပေးသော Shwe Myanmar Filmproductionတို့ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း " ဆိုပြီး ရေး သားထားတာတွေ့ရပါတယ်။

Photo: Yoon Lay Facebook

 

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က