ဖေဖေကတော့ သမီးအကြောင်းတွေ ဖွဲ့ရေးထားတာပဲ။

မြန်မာဝတ်စုံလေးတွေနဲ့ဆို မြင်သူတိုင်ငေးလောက်အောင် လှနေတဲ့ မအေးသောင်းရဲ့ အကြောင်းကို သူ့ရဲ့ ဖေဖေ ဦးမြင့်အောင် ကတော့ တစ်ဖွဲ့ တစ်နွဲ့ကို ရေးသားထားတာတွေ့ရပါတယ်။ ဦးမြင့်အောင်ဟာ သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ် ရည်သောင်း၊ ဆွိဝတ်ရည် သောင်းတို့ရဲ့ ဖေဖေဖြစ်ပါတယ်။



Photo: Joseph Myint Aung Facebook

 

ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်းကတော့ မြန်မာဝတ်စုံလေးနဲ့ဆို မြင်သူတိုင်းငေးရအောင် အရမ်းလိုက်ဖက်လွန်းတာကြောင့် လူတိုင်းရဲ့ ချစ်ခင်အားပေးမှု ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သမီးဖြစ်သူ အေးသောင်းရဲ့ အလှအပတွေကိုတော့ သူ့ရဲ့ ဖေဖေ ဦးမြင့်အောင် က အခုလို ရေးသားထားတာကို တွေ့ရပါတယ်။

'' Aye Thaung က အောင်မြင်မှုတွေထပ်ရအုံးမှာပါ။ ရုပ်ရည်ချောမောတယ်လှပတဲ့မျက်ဝန်းတွေလဲရှိတယ်။ ဆွဲဆောင်မှုအပြည့်လဲရှိတယ်။

မြန်မာဝတ်စုံတွေနဲ့ဆို အရမ်းကျက်သရေရှိတာ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်လေးကလဲ အတော့်ကိုကြည့်ကောင်းပါတယ်။ အဲ့ဒါ ဘယ်သူ ပြောတာလဲသိလား၊ သူ့ဖီဖီပြောတာတဲ့ဗျာ'' ဆိုပြီးတော့ စက်တင်ဘာလ  ၈ ရက်နေ့ညက Joseph Myint Aung အကောင့်မှာ ပြောခဲ့တာပါ။

Photo: Joseph Myint Aung Facebook

 

Joseph Myint Aung ဟာ သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီး ၃ ယောက်စလုံးက လေးစားချစ်ခင်ရတဲ့ ဖခင်ပါ။ သမီး ၃ ယောက် အထဲမှာမှ မအေးသောင်းရဲ့ အကြောင်းတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

မိဘတွေကိုပါ ထိခိုက်လာလို့ မှတ်ပုံတင်ပြပြီးဖြေရှင်းလိုက်တဲ့ မအေးသောင်း  

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေ တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်နေရသူပါ။ မအေးသောင်းရဲ့ အနုပညာ သက်တမ်းကတော့ အတော်ကို ကြာနေပါပြီ။

Photo: Joseph Myint Aung Facebook

 

အေးဝတ်ရည်သောင်းဟာ မကြာခင်က ရိုက်ကူးပြီးခဲ့တဲ့ မျက်နှာဖုံးများ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ် ကား ကြီးထဲမှာ အကယ်ဒမီမင်းဦး၊ ကျော်ထက်အောင်၊ အောင်ရဲထိုက်၊ Rusell ၊ အိချောပို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်၊ မေ ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ကောင်းမြတ် တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က